Part 8

48.9K 3.4K 63
                                    

Part-8

ညနေ ကျောင်းဆင်းချိန် ရောက်တော့ Tao နဲ့ စကားတပြောပြောနှင့် ကျောင်းဆောင်ပေါ်က ဆင်းလာ ဖြစ်ကြသည်။

Tao ကိုတော့ သူ့အိမ်က ကားနှင့် လာကြိုလေ့ရှိပြီး ကျွန်တော်ကတော့  ကိုယ်ပိုင် စက်ဘီးကလေးနှင့် ပြန်လေ့ရှိသည်။

'Baekhyuna...... မင်း သိပ်နေမကောင်းသလိုပဲ?

မျက်နှာလဲ သိပ်မကောင်းဖူး'

'ငါ လား ...ဘာမှမဖြစ်ပါဖူး နေကောင်းပါတယ် အကောင်းကြီးအတိုင်းပဲ တွေ့လား?'

Baekhyun ပြုံးပြုံးရွှင်ရွှင် မျက်နှာမျိုး ပြောင်းကာ ခြေရောလက်ရော လှုပ်ပြလိုက်မှ Tao မျက်နှာက ပြုံးလာလေသည်။

'ဟ...ဟ ...ဟုတ်ပါပြီ  Puppy စုတ်ရယ် မင်းရုပ်က ခုနကတည်းက အီးမှန်ထားတဲ့ရုပ် ဖြစ်နေတာကိုးလို့'

' ဘာ ... Puppy စုတ်တဲ့ ငါ့ကိုများ ... အီးမှန်ထားတာက ပါသေး... အေး ... မင်းသာ Panda စုတ် '

' ဟား ... ဟား... အခုမှ Byun Baekhyun ပြန် ဖြစ်လာတော့တယ် ခုနက ကြက်လည်လိမ်ထားတဲ့ ရုပ်နဲ့ ... ...'

' ဂါး...............ဟိတ်ကောင်...'

ပြောရင်း  Baekhyun လက်မြှောက်လိုက်တော့  Tao က အနားကနေ လှစ်လှစ်ပါအောင် ထွက်ပြေး လေတော့သည်။

2ယောက်က တခါတရံ မတည့် ...အာ့လို ထုလိုက်... ရိုက်လိုက်... ရှောင်လိုက်... ပြေးလိုက်... စလိုက်... လုပ်နေကြတာ အမြဲလိုလို... ။ ဒါပေမယ့် ဒီလို သူငယ်ချင်းမျိုးကို ရလို့ ကျွန်တော် တကယ် ပျော်ပါသည်။

>>>>

သူ့မြင်လွှာထဲ ဝင်လာသော ကျောင်းသားအရွယ် ကောင်လေး၂ယောက်ရဲ့ စနောက်နေသော မြင်ကွင်း က သူ့နှုတ်ခမ်းသားတို့ကို အတန်ငယ် တွန့်ကွေးစေလေသည်။

ပိတုန်းရောင် ဆံနွယ် ပျော့ပျော့လေးတေ  တဝဲဝဲ နှင့် ပြေးနေသော ကောင်လေးက သူ့အတွေးထဲ ရောက်... ရောက်...လာတတ်သော ကောင်လေးဟု သူဝန်မခံချင်ပါ။

သူ့အတွေးထဲမှ မောင်းထုတ်နေသည့်ကြားမှပင် တုန်လှုပ်နေခဲ့ဖူးသော မျက်ရည်စတွေ သီနေသော မျက်ဝန်းနက်နက်ကလေးတွေကို သတိရနေတတ်

Strangest LoveDove le storie prendono vita. Scoprilo ora