Part 3

42K 3K 8
                                    

Part-3

အသည်းခိုက်အောင် နာသည် ဆိုတာ ဒါမျိုးများလား?

သေလောက်အောင် နာကျင်သည် ဆိုတာ ဒါမျိုးများလား?

သူ့ ဘဝမှာတော့ တခါမှ ဒီလောက် မနာကျင်ခဲ့ဖူးပါ။ အကိုဖြစ်သူ၏ ကာကွယ်ပေးမှုအောက်မှာ

နေခဲ့ရပြီး ပြင်ပလောကကြီးက ခက်ခဲကြမ်းတမ်းမှုတွေကို သူမသိခဲ့ဖူးပါ။ အခု သိလာတော့လည်း

သူရင်ဆိုင်ဖို့ အဆင်သင့်မဖြစ်သေးခင်မှာ... ...

သူကိုယ့်ကိုကိုယ်အားတင်းရင်း  ဖြေးဖြေးချင်း အလုပ်သမား တန်းလျားဆီ ပြန်လာခဲ့သည်။ တကိုယ်လုံး နာလိုက်သည်မှာ မပြောနှင့်။ ရှိသမျှ နံရိုးတွေကို ရိုက်ချိုးထားသလိုပင်။

'Baekhyun ကျောင်းက ပြန်လာပြီလား'

ရုတ်တရက်ခေါ်သံကြောင့် Baekhyun ခေါင်းကို အမြန်ငုံပစ်လိုက်ရသည်။ ခေါင်းအစခြေအဆုးံ ပေရေ

စုတ်ပြတ်နေသော သူ့ကို ဘယ်သူက ကျောင်းကနေ တန်းတန်းမတ်မတ်ပြန်လာတယ်လို့ ထင်မှာလဲ?

' Baekhyun ညီလေး မင်း ဘာဖြစ်လာတာလဲ?'

SaungMin Hyung ၏ စိုးရိမ်ပူပန်သော စကားသံအဆုံးမှာ ကျွန်တော့် အမြင်တေ ဝေဝါးလာပြီ ။

ကျွန်တော် ပင်ပန်းနေတယ် ... ...

ကျွန်တော် ခဏလောက် နားချင်ပါတယ်... ...

××××××

ပူလောင်ကျိန်းစပ်နေတဲ့ မျက်လုံးတွေကို ဖွင့်ကြည့်ဖို့

ကြိုးစားရင်း သူ့ အသိအာရုံကို ပြန်လည် စုစည်းနေရသည်။ ခန္ဓာကိုယ်ကို ထူမတ်ကြည့်ဖို့

ကြိုးစားတော့ လူက လှုပ်ပင်မလှုပ်နိုင်။

' အေး မင်း သူ့ကို ကြို ပြောထားပါ နောက်တခါ  ခေါင်းဆောင်ကြီးမကြိုက်တဲ့ ကိစ္စကို လုပ်မိလို့ အသတ်ခံရရင် ငါတို့နဲ့ ဘာမှမဆိုင်ဖူး။ ကိုယ့်အပြစ်

ကိုယ်ခံရတယ်ပဲမှတ်ထားလို့ ပြောထား '

Chen ဆိုသော သူရဲ့အသံနှင့်အတူ တံခါးကနေ ထွက်သွားသော ခြေသံကိုပါကြားလိုက်ရသည်။

ဒါ သူ့ အကြောင်းပြောနေတာပဲ။ ကိုယ့် အပြစ်ကိုယ်ခံရတာတဲ့လား??

Strangest LoveWhere stories live. Discover now