Part 26

46.6K 2.9K 183
                                    

Part-26

ကျွန်တော်၏ ကျန်ရှိသော အနာဂတ်နှင့် သူ၏ ကျန်ရှိ နေသော ဘဝကို ကံကြမ္မာပေါ်ထပ်ကာ အလောင်း အစားပြုလုပ်သော ပွဲတွင် ကျွန်တော့်၏  သိက္ခာရော.  အချစ်ကိုပါ လောင်းကြေးအဖြစ် ထည့်သွင်းပြီးသား ဖြစ်သည်။

ဒီပွဲမှာ ကျွန်တော်နိုင်သည် ဖြစ်စေ... ရှုံးသည် ဖြစ်စေ ကျွန်တော့်ဘဝရဲ့ အရာရာကို သူ့အတွက် အနစ်နာ ခံဖို့ ပြင်ဆင်ထားခဲ့ပြီးလေပြီ...။

ကျွန်တော့်ရဲ့ စစ်မှန်သော ချစ်ခြင်းက အသက်နှင့် ထပ်တူ မြတ်နိုးရသူအတွက် တစ်စိတ် တစ်ပိုင်း လောက်ပဲဖြစ်ဖြစ် အကူအညီဖြစ်စေမယ်ဆိုရင်... ကျွန်တော်ပေးဆပ်သမျှ အရာမထင်ရင်တောင် လုပ် ပေးခဲ့တယ်ဆိုတာလောက်နဲ့ပဲ ကျေနပ်ပါ့မယ်...

အရှေ့တည့်တည့်ဆီမှ တိုးဝင်လာသော ကားမီးရောင် က မျက်စိရှေ့ကို စူးရှစွာ တိုးဝင်လာသည်။ ကားလာ နေသော အဟုန်ကြောင့် ဆံပင်စတွေအားလုံး ဖွာလန်ကြဲအောင် ခါယမ်းသွားသည်။

'... ...Baekhyun...ah ... ... Andwellll. . .'

Yeol၏  ဟိန်းထွက်လာသော အသံက ကျွန်တော် ၏ နားစည်ထဲကို အချိုးကျစွာ တိုးဝင်လာသည်။

ကျွန်တော် မျှော်လင့်ချက်သေးဖွဲဖွဲလေးနဲ့ အနောက် ကို လှည့်ကြည့်လိုက်တော့...

ကျွန်တော်ရှိရာကို စိုးရိမ်ပူပန်စွာ ပြေးလာသော Yeol ကို မြင်ရသည်။

ကျွန်တော် အခု သေဆိုရင်တောင် သေလို့ ပျော်ပြီ ထင်ပါတယ်...။ ကျွန်တော် ကြိုးစားခဲ့သမျှ အရာ ထင်ပြီလေ...။

အချိန် တစ်မိနစ်စာလောက် လွန်တော့ ကျွန်တော်နှင့်တထွာပင်မရှိသော အကွာ အဝေး လောက်မှာ တန့်ရပ်နေခဲ့သော ကားရှေ့မှာ ဒူး ထောက်လျက်သား ရှိနေသော ကျွန်တော်က လဲကျလာသော သူ့ခန္ဓာကိုယ်ကို ဆီးကြိုပွေ့ဖက် လိုက်သည်။

ဒီလောက်ဆို... လုံလောက်ပါပြီ...။

ကားပေါ်မှ တာဝန်ခံ Chenက  ပူပန်စွာ ဒရောသော ပါး ဆင်းပြေးလာပုံပေါ်သည်။

' Baekhyun... မင်း ထိ သွား သေး လား ? chanyeol အခြေအနေရော...'

'ကျွန်တော် ဘာမှမဖြစ်ဖူး ... Yeol ကတော့ နဲနဲ Shock ဖြစ်သွားလို့ သတိမေ့ သွားတယ် ထင်တယ် ... လော လော ဆယ်တော့ ကျွန်တော်တို့ သူ့ကို အိမ်ထဲ ပြန် သွင်းမှ ဖြစ်မယ် '

Strangest LoveWhere stories live. Discover now