Part 10

53.5K 3K 52
                                    

Part-10

SaungMin Hyung ရဲ့ ဆေးရုံတက်တဲ့ ကိစ္စ တွေကတော့ သူ့စကားအတိုင်း အားလုံးအဆင်ပြေ သွားပါသည်။ ကျွန်တော်ကျောင်းတက်နေချိန် လူနာ စောင့် အဖြစ် Nurse တယောက် ဌားပေးထားသည် ။ ဆေးရုံက Special Room မှာပဲ  Hyung ကျန်းမာရေးကို ဂရုစိုက်ရင်း နေလိုက်တော့ သည်။

ဆေးဝါး ... အစားအသောက် ဘယ်အရာမှ လိုလေသေး မရှိစေရ။ လိုအပ်ချိန်မှာ အဆင်သင့်ဖြစ် နေပြီးသား ......။   ။

SaungMin Hyung ကတော့ သူ့ ခေါင်း ဆောင် ကြီးကို ကျေးဇူးတင်လွန်းမက ကျေးဇူးတင်နေရှာ သည်။ သူ့လို ဘာမှ မဟုတ်တဲ့ တပည့်တယောက် အတွက်ကိုတောင် ဒီလောက် အသေးစိတ် စောင့် ရှောက်ပေးထားလို့တဲ့ ။

ဒီအနေအထားကို ဘယ်လို အပေးအယူမျိုး နဲ့ လဲယူခဲ့ရမှန်း သိနေ သည့် ကျွန်တော်ကတော့ ကျေးဇူးတရား ချီးမွမ်းခန်း များကို နားထောင်ရင်း နလပိန်းတုံးတစ်ကောင်လို ပြုံးနေရ သည်။ Hyung အသက်နဲ့ လဲ ယူလိုက်ရတဲ့ အတွက် ကျွန်တော် ဘယ်တုန်းကမှ နောင်တမရခဲ့ဖူး တာအမှန်ပါ...... ...

၂ပတ်နီးပါးဆေးရုံကိစ္စများနှင့် လုံးပမ်းပြီးသည့်နောက် မှာတော့ Hyung လဲ နေပြန်ကောင်းလာသည်နှင့် ဆေးရုံမှ ဆင်းရလေသည်။ ဆေးရုံဆင်းတော့ တာဝန်ခံ Chenက စံအိမ်တော်ကို ပြန်ရန်လာခေါ် လေသည်။

ကျွန်တော့်အနာဂတ်ကို ဒီ၂ပတ်အတွင်း အရာရာကို မေ့ထားခဲ့တာ။ အိပ်မက်လိုပဲ ပြန်နိုးလာရင် အားလုံး မရှိတော့ဖူးလို့ ထင်ထားခဲ့တာ။ ဒါပေမယ့် လက်တွေ့မှာ အဖြစ်မှန်ဆိုတာ ရှောင်ပြေးလို့မှ မရတာပဲ... ...

တာဝန်ခံ Chen က ခေါင်းဆောင်ကြီးအမိန့်နှင့် စံအိမ်တော်မှာပဲ အလုပ်လုပ်ရမည်ဆိုတော့... Hyung က အံ့သြသည့်မျက်လုံးလေးတွေနှင့် ခေါင်းဆောင် ကြီးပြောတာဆိုရင် Baekhyunee ကို စိတ်ချပါ သည် ဟုဆိုသည်။ ဟုတ်ကဲ့ ...Hyung  စိတ်ချ လိုက်ပါ...... ကျွန်တော့်အတွက် တည့်.ထည့်တွေး နေရလို့ မပင်ပန်းစေချင်တော့ပါဖူး ...။

°°°°°°°°°°

Baekhyun စံအိမ်တော်ကို ပြန်ရောက်တော့ စံအိမ်ထဲမှ လူတွေ၏ ထူးဆန်းသော အကြည့်တွေကို ရင်ဆိုင်ရသည်။ ထူးဆန်းသော အကြည့်ဆိုတာထက် အံ့သြသော အကြည့်ဆို ပိုမှန်မလားပဲ ...။ 

Strangest LoveTempat cerita menjadi hidup. Temukan sekarang