Part 4

43.5K 3.1K 9
                                    

Part-4

ဒီနေ့ ပါတီပွဲနေ့ပေါ့ ... သေချာ ပြောရရင်တော့

Pheonix Groupရဲ့  8နှစ်ပြည့် Anniversary ည!

... ... ...

ဝင်လာမစဲ တသဲသဲ ကားကြီး ကားငယ် အသွယ်သွယ်နှင့် ခြံထဲတွင် ပျားပန်းခတ်မျှ လှုပ်ရှား

နေကြသည်။ အဖိုးတန် အသုံးအဆောင်များနှင့် ယောကျာ်း မိန်းမ မှန်သမျှတို့ ပါတီ ဝင်းထဲတွင် ပျော်ရွှင်မြူးတူးနေကြလေသည်။ ဝိုင်သောက်သူ...

ဘူဖေးစားသူ . . စကားစမြည် ပြောဆိုသူ ... စီးပွားရေးရာဆွေးနွေးတိုင်ပင်သူ . . . များစွာ ...များစွာ... ဖြင့် သက်ဝင်လှုပ်ရှားနေကြလေသည်။

ဒီလိုလူတွေထဲမှာ သူကတော့ ဝိုင်နှင့် ရှမ်ပိန် ထည့်ထားသည့် ဗန်းကလေးကိုကိုင်ရင်း Waiter ဝတ်စုံလေးနှင့် ပါတီပွဲအနှံလျှောက်သွားနေရသည်။

အလိုရှိသူ သုံးဆောင်နိုင်ရန်အတွက်ပေါ့...

SaungMin Hyung လဲ ပါတီတနေရာမှာတော့

ရှိနေပုံရပေမဲ့ မနက်ကတည်းက အခုထိကို လူချင်းမဆုံနိုင်လောက်အောင် အလုပ်တွေများနေပုံ

ပေါ်သည်။ ဘာထူးလဲ ။ သူလို လူအတွက်တောင် အလုပ်တွေက ဇယ်ဆက်သလို မအားလပ်ပါ။

' Baekhyun ရေ ပါတီရဲ့ ဟိုဘက်ခြမ်းကို သွားလိုက်ပါဦး'

'Nae'

Baekhyun အဲ့ဒီဘက်ခြမ်းကို ရောက်တော့ မြင်လိုက်ရတာက ခေါင်းဆောင်ကြီး ဆိုတဲ့သူ။ ဘေးနားမှာ လူလေးငါးယောက်နှင့် စကားပြောဆိုနေပုံပေါ်သည်။ အကုန်လုံးက မတ်တပ်ရပ်လျှက်သား။ သူတို့ လက်ထဲက

ခွက်တွေကလည်း ကုန်နေပုံရသည်။ Baekhyun သွားရကောင်းမလား မသွားရကောင်းမလား ချီတုံ ချတုံ ဖြစ်နေခိုက်

' ကောင်လေး မင်း ဘာလုပ်နေတာလဲ ခေါင်းဆောင်ကြီးရပ်နေတဲ့နားကို သွားလေ သေချာသတိထားသွား '

Chen ဆိုသူက သူ့နားကပ်ကာ ပြောလိုက်တော့ Baekhyun မသွားလို့ မဖြစ်တော့ပါ။

ဒါပေမဲ့ ကြောက်လဲ ကြောက် လန့်လဲ လန့်ပါသည်။

စိတ်လှုပ်ရှားလျှင် ပေါက်တတ်ကရတွေ လုပ်တတ်သော သူ့ အကြောင်းသူ သိသည်မို့

Strangest LoveWhere stories live. Discover now