"ပျင်းရိုက်တာကွာ..."
ညည်းညည်းညူညူလေးထွက်လာသော
Sehunအသံကြောင့် ရှေ့တန်းကကျောင်းသူ
ကျောင်းသားတွေရဲ့အကြည့်စူးတွေ ဒိုင်းခနဲ
အနောက်ရောက်လာကြသည်။
ကြည့်ကြမှာပေါ့...တစ်ခါတုန်းကလည်း
အဲ့လိုပဲပျင်းလိုက်တာလို့ညည်းပြီး...
ကျောင်းမီးသတ်အချက်ပေးalarmအပေါ်....
ရေနွေးအိတ်ကြီးသွားကပ်တာ....
ပီးပေါ်ပီးပေါ်အသံတွေနဲ့...တစ်ကျောင်းလုံး
တောင်ပြေးမြောက်ပြေးပြေးကြရပြီးပြီ...။
သူကံကောင်းသွားသည်က...
ကျောင်းအုပ်ကြီးကအဲ့အချိန်က မြို့နယ်ကျောင်း
အားကစားပွဲကိုသွားနေရတယ့်အချိန်ဆိုတော့..
တခြားဆရာနဲ့ပဲအရေးယူစစ်မေးရမယ်တဲ့...။
ခက်တာကဘယ်ဆရာကမှ ဂျင်ကလည်12နဲ့
တစ်မိနစ်လေးတောင်မျက်နှာချင်းဆိုင်မထိုင်ရဲ။
အဲ့တော့လည်း...
Oh Sehunအမွှေကိစ္စလေးက...
ဘယ်လောက်မှမကြီးကျယ်လိုက်ပဲ...
ခံဝန်လက်မှတ်လေးတစ်ခုတည်းနှင့်သာ
အဆုံးသတ်သွားခဲ့ရဖူးသည်။အခုလည်းသူညည်းပြန်ပြီဆိုတော့....ကြည့်
ကြတော့မှာပေါ့...။
ကျောင်းသူကျောင်းသားတွေရဲ့အကြည့်တွေ
ကြောင့် Sehunဘာပြန်ပြောလို့ပြောရမယ်မသိ
ဖြစ်နေခိုက်....."ဟဲ့....လျှုံးလာ....လျှုံးလာ....
လျှုံးလာ...!!!"နေပါဦး...အဲ့အသံကြားဖူးပါတယ်...ရင်းရင်းနှီးနှီး
ကိုပါ....။မျက်မှောင်လေးကုတ်ကာစဉ်းစားနေ
ခိုက်....
နံဘေးက Baekhyunက ပခုံးကိုအသာလာ
ပုတ်ကာ..."မျက်မှောင်တွေတွန့်ပီး အသေအကြေစဉ်းစား
ပြမနေနဲ့....။
အတန်းပေါက်ဝကိုလှမ်းကြည့်လိုက်တော့
ပြီးသွားတာပဲမဟုတ်ဘူးလား....""ပညာရှိရှိုတာ...ပြေးကြည့်တာထက်
တွေးကြည့်တာကပိုမှန်တယ်တဲ့....""အေး...မင်းကတော့တွေးကြည့်နေ....
ဟိုမှာအတန်းပေါက်ဝမှာမင်းကိုခေါ်နေတဲ့
Luhanတော့အမောဆို့သေတော့မယ်နဲ့တူ
တယ်...""အာ...ဟုတ်သား Luluအသံပဲ...."
ထိုအခါမှအသံပိုင်ရှင်အား...မြင်ယောင်မိသွား
ကာ Sehun...အတန်းပေါက်ဝကိုတစ်စောင်း ကျောပေးထိုင်နေရာမှ ချက်ချင်းလှည့်ကြည့်လိုက်သည်။
ဟော...ဟုတ်သားပဲ....
Luhanလေး...သူ့ကိုလက်ယပ်ခေါ်နေသည်။