ဟိုးရှေ့ရှေ့တုန်းကပေါ့ကွယ်...(1)

5.9K 679 36
                                    

"ဟေးးးဟေးးးး
ဂျင်ကလည်တွေ!!!
တဆိတ်လောက်!!!ဟေးးးးးးးးးးးး!!!!!"

မတတ်နိုင်တော့ နောက်ဆုံးတန်းကနေ ကြုံးအော်လိုက်တော့မှ ရှေ့တန်းကနေ ဖြစ်ချင်
တာဖြစ်နေသော အနှီဆယ့်နှစ်ယောက်ငြိမ်ကျ
သွားသည်။
ဒါတောင် Sehunဆမုတ်ကို မမှီ့တမှီလှမ်းဆွဲ
နေသော Luhanက မျက်စောင်းအကြီးစား
ကြီးလှမ်းထိုးလိုက်ရင်း..."လန့်သွားတာပဲဗျာ..
တိုးတိုးအော်လဲဒီစကားပါပဲ..၊"တဲ့ ဆိုလာချေ
သေး...။မပြောချင်ဘူး...တိုးတိုးအော်တော့ရော
သူတို့က အဖတ်လုပ်တာကျလို့...။

ကျောင်းအုပ် လည်ပင်းကိုတစ်ချက်ပွတ်လိုက်
ရင်း...ဟုတ်တယ် ဇွတ်တင်းနင်းကန်အော်
လိုက်ရတာ လည်ပင်းနာသွားတယ်လေ...။

"စကြတော့လေ..မင်းတို့ဟောပြောပွဲလေး..."

နိဒါန်းပျိုးပေးလိုက်တော့....
ကျောက်သင်ပုန်းပေါ် ကမ္ဘာ့အကျော်အမော်
လက်ရာဖြစ်သော တီကောင်လား ခေါက်ဆွဲလား
မသဲကွဲသော အတွန့်အတွန့်ကိုဆွဲနေသည့်
Krisက သူ့လက်ထဲက မြေဖြူကိုပစ်ချလိုက်ပီး
ကလေးတွေဘက်ကို ဦးတည်မျက်နှာချင်းဆိုင်
လိုက်သည်။

"အဟမ်း...ကလေးတို့ Annyeong....
အစ်ကိုတို့အခုပြောမှာက မင်းတို့လဲစိတ်ဝင်စား
ဗဟုသုတလည်းဖြစ်မယ့် အီစွတ်ပုံပြင်လေးတွေ
ပြောပြမယ်..."

ကလေးတွေဆီက လက်ခုပ်လက်ဝါးတီးသံ
ခပ်သဲ့သဲ့ကိုကြားလိုက်ရသည်။
အင်း...ဟိုတစ်ယောက်ကလည်း ဒါကိုပင်
ပန်းစီးပေါက်ပေးလိုက်သည့်အလား ရင်ကော့
ခံယူကာ....
သူ့ရဲ့ အီစွတ်ပုံပြင်လေးအား ပူဖောင်းမလွှတ်
ဖဲကြိုးမဖြတ်ပဲ စတင်လေတော့သည်။

"လောကကြီးမှာ အရေးအကြီးဆုံးဖြစ်တဲ့
အချိန်နဲ့ပတ်သက်တဲ့ ပုံပြင်လေးအကြောင်းပြော
ပြမယ်...။
ပုံပြင်လေးရဲ့နာမည်က အဘွားအိုနှင့်အလုပ်
သမားများ တဲ့...။
အရင်တုန်းက အလုပ်ကိုအရမ်းမြတ်နိုးတဲ့
အဘွားကြီးတစ်ယောက်ရှိတယ်။
သူက သူမြတ်နိုးသလို သူ့အလုပ်သမားတွေကို
လဲ အလုပ်ကိုမြတ်နိုးတန်ဖိုးထားစေချင်တယ်။
ဟိုကောင်တွေကြားလား!!!
အလုပ်ကိုတန်ဖိုးထားရမယ်...."

ပြောနေရင်းနဲ့ သူလှည့်ငေါက်လိုက်သည်က
သူ့ရဲ့ချစ်လှစွာသော မွှေဖော်မွှေဖက်လေးတွေ...
တစ်ချို့ကတော့ ယမ်းယောင်ခေါင်းညိတ်လိုက်
သလို...ကျန်တဲ့သူတွေဆီက အသံမထွက်
ခပ်တိုးတိုးကြိတ်ဆဲသံတွေကို မြင်လိုက်ရသည်။

ဂျင်​ကလည်​ Twelve [ZG + UN]Where stories live. Discover now