ဆုပွဲ...

9.7K 884 47
                                    

" အသက်တွေကလည်း တစ်နေ့ပြီးတစ်နေ့
ကြီးကြီးလာတာပဲကွာ..."

"ပူရအိုက်ရတဲ့ကြားထဲ ပူစရာအဲ့လောက်ရှားရ
သလားကွာ..."

Sofaပေါ်ကနေ ထိုင်ညည်းနေတယ့် Baekhyunစကားကို...
မီးဖိုချောင်ထဲကနေ ရေခဲဗူးသောက်ရင်းထွက်
လာတယ့် Suhoက ချက်ချင်းခွန်းတုန့်ပြန်လာ
သည်...။

"ဟုတ်တယ်...တစ်နေ့ထက်တစ်နေ့ကြီးလာတဲ့
အသက်ကိုတွေးမိရင်း...."

"တွေးမိရင်းဘာဖြစ်လဲ???"

"တွေးမိရင်း ဘောလုံးကန်ချင်လာတယ်..."

O-o

ပြောလိုက်ရင် ဘယ်တော့မှကောင်းကောင်း
ကန်းကန်းရယ်ကိုမရှိ...။
အကုန်ထော့ကျိုးတွေရယ်ကြီးပဲ...။

"အမလေး Baekhyunရယ်...
မကြံကောင်းမစည်ရာတွေ...။
ဒီအချိန်ဘောလုံးကန်လို့ကတော့ ပီးပေါ်ပီးပေါ်
စီးပြီး ဆေးရုံက အအေးခန်းအလည်သွားနေ
ရဦးမယ်..."

"အဲ့လိုလာဘ်ရှိအောင်ပြောနည်းလေးတွေများ
ရှိရင် မ စပေးပါလားဟင်...။
ခဲတောင်းချင်လို့ပါ..."

ထိုသို့ထိုသို့အချေအတင်ပြောနေခိုက်...
ပေါက်စီဝယ်ကာပြန်လာသော ပေါက်စီပါတနာ
Xiuxiuအိမ်ထဲမောကြီးချက်မနှင့်ဝင်လာလေ
သည်။
အင်း...ချက်တော့ မ လို့မရပါဘူးလေ...
ချက်ကနဂိုကတည်းက ဗိုက်မှာကပ်လျက်လေး
ပါပြီးသားဆိုတော့...
ဆိုတော့လည်း မောကြီးပေါ့လေ...။

ရှုံ့မဲ့နေသော မျက်နှာကိုကြည့်ကာ Suhoက
လက်ထဲကရေဗူးလေးကို အလိုက်သင့်ကမ်း
ပေးလိုက်သည်။
ရေဗူးလေးကိုယူကာ Xiumin မော့ချပစ်လိုက်
သည်။
သူ့ကြည့်ရတာ မောဟိုက်နေသည့်ပုံစံပေါ်နေ
တာမို့ Baekhyunလည်း...

" Hyung,ဘာဖြစ်လာတာလည်း???"

ရေဗူးအဖုံးလေးကို သေချာပိတ်နေရင်းကနေ
Xiumin..Baekhyunကို လှမ်းကြည့်လာ
သည်။

" ခေး ပေါက်စီသွားဝယ်တာကို လမ်းထိပ်က
ခွေးကလိုက်ဆွဲတယ်..။ပေါက်စီထုပ်လေး
တယမ်းယမ်းနဲ့ပြေးရတဲ့ခံစားချက်ကို..ကွီးတို့
သိရင်သိပ်ကောင်းမှာပဲ..။
ခုတော့မရှိဘူး မရှိဘူး..စောစောစီးစီးထဝယ်ရ
တဲ့ပေါက်စီလေး ပါမလာတော့ဘူး။ကျန်ခဲ့ပီ။
သွားဝယ်ရမလား ပြန်ပြေးကောက်ရမလားဆို
တာလဲ မသဲကွဲဘူး...။
ပေါက်စီကြိုက်တဲ့သူဆီက ပေါက်ဆီကိုလာလုရဲ
တဲ့ခွေး တော်ရုံစကေးတော့မဟုတ်ဘူး...။
ကဲကဲ...ခွေးဆွဲလို့ချွေးထွက်ခဲ့ရတယ်ဆိုတာ...
ပြောလည်းပြောချင်တယ်...
ပြောလည်းပြောပလိုက်ပီ...."

ဂျင်​ကလည်​ Twelve [ZG + UN]Where stories live. Discover now