ရှေ့ဆုံးမှနေကာ ကြံရာမရဖြစ်နေရှာဟန်တူသော
Sam Siwonကိုကြည့်ကာ အတန်းထဲက ကျောင်းသူကျောင်းသားတွေ နားမလည်နိုင်ဖြစ်လာ
သည်…။ နေလာသော ကျောင်းသားသက်တမ်းတစ်
လျှောက်လုံး Siwon၏ ယခုကဲ့သို့ဖြစ်အင်ကို
သူတို့တစ်ကြိမ်တစ်ခါမှပင် မမြင်ခဲ့ဖူးကြ… … …။" Sam… စာသင်မှာပါနော့… "
မေးလာသောကျောင်းသားက ထုံးစံအတိုင်း ဂျင်ကလည်တွေထဲမှ တစ်ယောက်…။ မဟုတ်တယ့်
နေရာဆို ပုရွက်ဆိတ်အုံကို တုတ်နဲ့ထိုးလိုက်သကဲ့သို့
တက်ကြွစွာ လှုပ်ရှားလာတတ်ကြသည်မှာ ဂျင်ကလည်
တွေ၏ သဘောသဘာဝတွေသာဖြစ်သည်။" အင်း… သင်မှာပေါ့…
စာသင်ဖို့ ဝင်လာတာပဲကို… "Siwon သက်ပြင်းကြိတ်ချလိုက်ရင်း Sehunကို
လှမ်းကြည့်သည်။ နှုတ်ခမ်းတလှုပ်လှုပ်နှင့် Oh Sehunကတော့ ဘာတွေကိုမကျေမနပ်ရေရွတ်နေ
ဆဲမသိ… … … ဆက်တိုက်ဆိုသလိုပြောနေဆဲဖြစ်
သည်။" Oh Sehun… "
" ဗျာ "
ထူးတော့ပြန်ထူးလာသား…။
" Sam… လက်တွေနာနေလို့ အဲ့ဒါ Sehunလေး
က လာရေးပေးမလား… ဒီnoteတွေကိုလေ… "Sehunသာမက အတန်းထဲကကျောင်းသားကျောင်း
သူတွေအကုန် မျက်ခုံးတွေပင့်တက်ကုန်သည်။
Chanyeolကတော့ ပညာရေးလောကပျက်စီးပါပြီ
ဟုဆိုကာ ယူကြုံးမရအသံကြီးနှင့် ဝမ်းနည်းပက်လက်
ဆိုလာလေ၏…။
ကျန်သော ဂျင်ကလည်တွေလည်း ဘာထူးသေး…
ကျောင်းဆင်းရင် Sam Siwonကို ပညာရေး
ဝန်ကြီးဋ္ဌာနနှင့် တိုင်ပစ်ပါမည်ဟုဆိုကာ တက္ကစီရုံး
ဖုန်းနံပတ်ကိုပါ အရံသင့်ရှာနေသေးသည်။
(ဟိုး!!! အပြစ်တင်ချင်စိတ်ကို ခဏထား!
တက္ကစီရုံးရဲ့ ဖုန်းနံပတ်ကိုရှာတာက
တက္ကစီ စီးပြီး ပညာရေးဋ္ဌာနကိုသွားမှာမို့…
ဂျင်ကလည်လေးတွေက အခြေခံကျကျလှုပ်ရှားတတ်
ပါတယ်…ဘာမှတ်…)ထိုသို့ထိုပုံ အားပေးနေသောသူတွေရှိလာတော့လည်း
Sehun ခေါင်းကို ခပ်ချီချီမော့ပစ်လိုက်ရင်း
ဆောင့်ကြွားကြွားစတိုင်လ်ဖြင့် ရှေ့ကိုထွက်လာခဲ့လိုက်
၏… ။
Siwon၏ အကြံအောင်မြင်သည်ဆိုရမည်…။
စာတွေဘယ်လောက်များများ Oh Sehunတို့
အပြစ်တင်စိတ်ပင်မရှိတော့ဘဲ ဖြည်းဖြည်းချင်းစီ
ရေးနေလေသည်။
နှလုံးခုန်နှုန်းသင်္ကေတလှိုင်းလို စာကြောင်းတွေက
တက်လိုက်မြင့်လိုက်ဖြစ်နေသော်ငြား အဆင်ပြေပါ
သည်…။