အိမ်က Omma ဆေးရုံတက်နေလို့
Updateတွေနောက်ကျနေရတာ
အရမ်းအားနာမိပါကြောင်း....။×××××××××××××××××××××××××××××
«ဤနေရာမှ Flashback စ၏ »
မိမိတို့ခေတ်က ရှေးသီချင်းလေးကိုဖွင့်ပြီး
ဆိုင်ရှင်အဒေါ်ကြီး အေးအေးလူလူ အတွေးလေး
နဲ့ ထိုင်နေခိုက်...
ဆိုင်ပေါက်ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်
ချလာသော လူငယ်လေးတွေကို တွေ့လိုက်ရ
သည်။
ဟိုကြည့်ဒီကြည့်ပုံစံလေးတွေနှင့် ဆိုင်ထဲဝင်လာ
ပြီး...
ရှေ့ဆုံးက ဝင်လာသော eyeliner အမည်း
လေးနှင့် ကောင်လေးက..."Ahjumma...Ahjummaက ဒီဆိုင်ပိုင်ရှင်
လား...""အင်း...ဟုတ်ပါတယ်...
အန်တီဒီမှာဆိုင်ဖွင့်လာတာ အနှစ်နှစ်ဆယ်
ကျော်ပါပြီ..."ရိုးရိုးသားသားပုံလေးနှင့် ကောင်လေးက
မျက်လုံးလေးထောင့်ကပ်ကာ...အော်အော်ဟု
ဆိုရင်း မုန့်တွေလျှောက်ကြည့်ရန် လှည့်ထွက်
သွားသည်။
ဆိုင်ထဲကို ဝင်လာသည်က အားလုံးပေါင်း
9ယောက်...
ဆိုင်ရှေ့ ကပြင်လေးတွင်ထိုင်နေကြသည်က
3ယောက်...။ရုပ်လေးတွေက အချောသားလေးတွေနှင့်...
လူကြီးလူကောင်းသားသမီးပုံစံလေးတွေဆို
တော့...Ahjumma ကြီး စပ်စုကြည့်တာပေါ့။"သားတို့က ကျောင်းသားလေးတွေလား...
အန်တီတစ်ခါမှ မမြင်ဖူးဘူး...""Nae..Peter Pan ကျောင်းကပါ...
အခု လေ့လာရေးခရီးထွက်လာတာပါ..."အဖြေကိုတော့ မျက်နှာချိုချိုလေးနှင့်
တစ်ယောက်ကဝင်ဖြေလာတာပါ။
မျက်လုံးလေးတွေက စိုလက်နေတော့...
Ahjumma ကြီး စိတ်မထိန်းနိုင်ပဲ ပြောလိုက်မိ
ပြန်ရော.."သမီးက ချစ်စရာလေးပဲ...
အငယ်ဆုံးလေးနဲ့တူတယ်..ဟုတ်လား..."သူမ စကားကြောင့် ထိုတစ်ယောက်မှာ
ဆတ်ဆတ်ထိမခံဖြစ်သွားပြီး...."Ahjumma!!!Ahjummaကြီး!!!
စကားကို သေချာကြည့်ပြောပါ...
ကျွန်တော်မိန်းကလေးမဟုတ်ဘူး...
ယောက်ျားလေး...ယောက်ျားလေးဗျ!!!!!
ပီးတော့ အငယ်ဆုံးမဟုတ်ဘူး...
ဟိုအပြင်မှာလှဲနေတယ့် ကိုအာလာဝက်ဝံထက်
တောင် အသက်ကြီးသေးတယ်!!!"