Give Up

4.4K 556 12
                                    

" ​ဟောဗျာ...ဒီဘက်​ချုပ်​မှူး...
ကျန်းမာပါရဲ့ယား... "

Sese ​လေးက လဲကျ​နေတဲ့ သူ့ gegeကို ဆွဲထူ​ပေး​နေ
ရင်း...မြင်​လိုက်​ရတဲ့ အုပ်​ချုပ်​​ရေးမှူးကိုလည်း တဆက်​တည်း
နှုတ်​ဆက်​​နေ​သေးတယ်​...။
အုပ်​မှူးမဟုတ်​...ချုပ်​မှူးတဲ့...။

မင်းတို့2​ယောက်​ကို မမြင်​ခင်​အထိ​တော့ ကျန်းမာ​နေ
သေးတယ်​လို့် ​ဖြေမလိုလုပ်​ပြီးမှ စကား​ကြောရှည်​​နေမှာ
ကြောက်​တာ​ကြောင့်...အုပ်​ချုပ်​​ရေးမှူး ​ခေါင်းကို ညိတ်
သည်​ဆိုရုံ​လေးသာ ညိတ်​ပြလာပြီး...

" Haemi...ဘာဖြစ်​တာလဲ ?"

" ဟို...အဲ့​ကောင်​​လေးက အမှိုက်​​တွေလာလာဖွ​နေတာ
ကြောင့်​... "

"လာလာဖွတယ်မသုံးနဲ့...!!!
လာနှိုက်​တာမှ အခုတစ်​​ခေါက်​ပဲရှိ​သေးတာကို..."

စကားအသုံးအနှုန်းအမှားမခံစွာ Luhan ​အော်​တယ်​။
Sehunက​တော့ Luhanကို အထင်​ကြီး​လေးစားတဲ့
အကြည့်​​တွေနဲ့ ကြည့်​လို့...။
ဘယ်​တုန်းကများ စာ​တွေခိုးကျက်​ထားပါလိမ့်​​ပေါ့..
အဲ့လို သုံးနှုန်းရမယ်​ဆိုတာ ဘယ်​လိုများသိတာပါလိမ့်​​ပေါ့..
ညညတစ်​​ရေးနိုး ​ရေ​သောက်​လို့ ထကြည့်​တိုင်း...
ခေါင်းအုံးပိပိ​နေလို့ ၀ူးဝူးဝါးဝါး​အော်​​နေတတ်​တာ​ကြောင့်
အသက်​ရှူပိတ်​ မသာ​ပေါ်​နေမှာစိုးလို့....​ခေါင်းအုံးဖယ်​​ပေး
ရတဲ့အထိ လူ​သေ​ကောင်​လိုအိပ်​တတ်​တဲ့ သူက​လေ...။

"ဟုတ်​ပါပြီ...Haemi မှားတယ်​​နော်​..
သူ အခုမှ လာနှိုက်​တာကို... "

ပြေရာ​ပြေ​ကြောင်းပြော​နေတဲ့ အုပ်​မှူးကို Haemi သိပ်​​တော့နားမလည်​...ဘာလို့ ဒီ​ကောင်​​လေး​တွေကို အဲ့သ​လောက်​ အ​လျှော့​ပေး​နေရတာလဲ...ထပ်​အကွန့်​တက်​ချင်​​ပေမယ့်​ မျက်​စိကို အလုံးလိုက်
ပြုတ်​ကျ​တော့မတတ်​ မှိတ်​ပြ​နေတဲ့ အုပ်​မှူးပုံစံ​ကြောင့်​သာ
ငြိမ်​​နေရတယ်​...။

" အဲ့တာဆို...ကျွန်​​တော်​ အဲ့တာ​တွေကို ယူသွားလို့ဖြစ်​ကဲ့လား "

ကတ်​ထူပြား​တွေကို သံ​ယောဇဉ်​မကုန်​ခမ်းနိုင်​စွာ...
လက်​ညှိုးထိုးရင်း ​တောင်းဆို​တော့...
အုပ်​ချုပ်​​ရေးမှူး ​ခေါင်းပြုတ်​မတတ်​ညိတ်​​တော့တာ​ပေါ့..။

ဂျင်​ကလည်​ Twelve [ZG + UN]Where stories live. Discover now