ဒီနေ့ ကျောင်းက လေ့လာရေးခရီးထွက်မယ့်နေ့။
ရုံးခန်းထဲမှာ ထိုင်နေရင်း ကျောင်းအုပ်
တစ်ယောက် ရင်ပူနေရတာတော့အမှန်...။" ဟို...ဟိုဂျင်ကလည်တွေများ လိုက်မယ်အသံ
ကြားမိလား...မလိုက်လောက်ပါဘူးနော်..."မျှော်လင့်ချက်များစွာပျော်ဝင်နေသော
ကျောင်းအုပ်အမေးအဆုံးမှာ လက်ထောက်
လေးက လက်ထဲကလိုက်ပါမည့် ကျောင်းသား စာရင်းစာအုပ်ကြီးကို ဗြိခနဲမြည်အောင်ဖွင့်ပြ
လိုက်ပြီး..." ကျောင်းအုပ်ဝမ်းသာလော့...
သူတို့ဆယ့်နှစ်ယောက်စလုံးလိုက်ပါဖို့
ထိပ်ဆုံးကနေ စာရင်းပေးပြီးသွားတာ..."အင့်...အမြင်ကတ်ကတ်နဲ့ ရှေ့က ပန်းအလှ
ထည့် ကြွေအိုးလေးနဲ့ကောက်ထုပလိုက်ရ...
ငါ့ကြွေအိုးကွဲသွားမှာစိုးလို့...။။
အရေးထဲလာနောက်နေသေး...ဝမ်းသာလော့
ဆိုလို့ ဟို12ယောက်များ ကယောင်ခြောက်ခြား
ဖြစ်ပြီးနေခဲ့တာလားလို့...။ကျောင်းအုပ်ကြီးရဲ့စူပုပ်ပုပ်မျက်နှာပေးကိုမြင်
တော့...လက်ထောက်လေး တစ်ချက်ပြုံးတယ်။" အုပ်ကြီးကလဲ...."
"ဟေ့...ဟေ့ကောင်...ကျောင်းအုပ်လို့ခေါ်နေ
ကြအတိုင်းပဲခေါ်...ဂျင်ကလည်တွေခေါ်သလို
အုပ်ကြီးလို့မခေါ်နဲ့...သူတို့အငွေ့အသက်လေး
တွေရလိုက်ရင်များ လူကိုရင်ကိုတုန်တုန်သွား
တာပဲ...""ဟုတ်...ကျောင်းအုပ်ကလဲ...
စကားတောင်ရှိသေးတယ်လေ...
သူလျှိုကိုအနီးမှာခေါ်ထားပါတဲ့...."အမှန်တိုင်းပြောရရင်တော့ အခုမှပထမဆုံး
ကြားဖူးတယ့်စကားပါ...။
ဒီလက်ထောက်လဲ ဂျင်ကလည်တွေနဲ့တစ်မိုး
အောက်ထဲ တူတူနေနေရလို့ ရောပြီးချောင်များ
သွားလေသလား...။
ကဲပါ...သူပဲအဲ့စကားပုံမကြားဖူးသေးတာနေမှာ
ပါ။" အင်း...အဲ့တော့..."
"ရော်...သူတို့ကျောင်းအုပ်အနားရောက်နေတာ
ကမှ သူတို့ကိုမြင်နေရသေးတယ်မလား...။
အဲ့လိုမြင်နေရတော့ သူတို့ပေါက်ကတ်တရ...""မင်းကြီးတော် ပေါက်ကတ်တရ...
ပေါက်တက်ကရ...ပေါက်တက်ကရ!!!!
ဘာတွေလာပြောနေတာလဲမနက်စောစော
စီးစီး...."