Annyeong...
မှတ်မိကြပါသေးတယ်နော့...
လာပြီလာပြီ...ဂျင်ကလည် Twelve...:_:_:_:_:_:_:_:_:_:_:_:_:_:_:_:_:_:_:_:
Sir Lee Teuk တစ်ယောက်လည်းအနားမှာ
မရှိရော...
တခြားကျောင်းသားတွေပါရှဲခနဲနောက်ဆုတ်
ကုန်ကြသည်။ဟုတ်သည်လေ...ဆရာတောင်
မတတ်နိုင်လို့ ရှောင်ပြေးသွားတာ သူတို့သာဆို
ဒီဆယ့်နှစ်ယောက်စကားတွေကြောင့်
မသောက်ပဲမူးကုန်မလားပဲ...။
ကြောက်တယ်...
တောကြီးမျက်မည်းထဲ တစ်ယောက်တည်းသာ
ခရီးထွက်လိုက်မည်။
ဒီဂျင်ကလည်တွေဆီကတော့ ပစ္စည်းလေး
တစ်ခုတောင် ခဏဖြစ်ဖြစ်သွားမငှားချင်...။
တစ်ခါတုန်းကလည်း ကျောင်းသားတစ်ယောက်
အိမ်စာမလုပ်ခဲ့လို့ ဆရာရိုက်ခံရမှာကြောက်ပြီး
အဲ့12ယောက်ဆီသွားအကူအညီတောင်းတာ
5မိနစ်တောင်မကြာလိုက်...
ထိုကျောင်းသားကိုယ်တိုင် ဆရာ့ဆီသွား
အိမ်စာမလုပ်လို့ရိုက်ပေးပါတော့ဆိုပြီးတော့ကို
တောင်းဆိုတော့တာ...။။။
အင်း...
ရိုက်ခံရမှာကြောက်တဲ့ကျောင်းသားတောင်
ရိုက်ခံဖို့ကိုယ်တိုင်တောင်းဆိုရတဲ့အထိ...
ဂျင်ကလည်တွေဘယ်လိုများမွှေလိုက်တာပါ
လိမ့်နော်...။အခုလည်း အနှီဆယ့်နှစ်ယောက်ဘေးမှ
ရှောင်ထွက်သွားတဲ့ ကျောင်းသား2ယောက်က
တီးတိုးဆိုနေကြသည်။"ဟေ့ရောင်...သူတို့တစ်တွေတစ်ကယ်
စကားလုံးတာလား...
တမင်မွှေနေတာလား...""အာ...မင်းကလည်း...
ဟိုတလောက ကန်တင်းမှာ Chanyeol နဲ့
Baekhyun ကျပန်းစကားပြောပြိုင်တာဆိုပီး
Non-stop စကားတွေပြောလိုက်တာ...
ကြာတော့နားမခံနိုင်တော့တဲ့ Ahjummaကြီး
ကိုယ်တိုင်မောင်းထုတ်ယူရတာ။
ကျန်တဲ့10ယောက်ကလည်း ဘေးကနေ
ရေဘူးတွေခေါက် လက်ခေါက်တွေမှုတ်ပီး
နိုင်ငံကိုယ်စားပြုတွေကို အားပေးနေသလိုကို
အားပေးနေကြတာ...။
အဲ့လိုတောက်လျှောက်မရပ်မနားပြောတာ
တောင်မှ စကားတစ်ခွန်းထစ်မသွားဘူးဗျ...""ဒါဆို မင်းဆိုလိုတာက...
အခုဒါသက်သက်မွှေချင်လို့ပေါ့..."ကျောင်းသားက ဟန်ပါပါနှင့်ခေါင်းညိတ်ပြသည်။
သည်တော့ကျန်သောကျောင်းသားက
အံ့သြနဘမ်းဟန်လေးနဲ့...