Warmly Welcome

5.3K 633 94
                                    

ရော်ဒါဘွန်း အာညော်~~~
ဂျင်ကလည် Twelveဆီ မျက်စိတစ်​ခါလည်လာခဲ့ပြန်
ပြီ... updateကြာတာ ခွင့်​လွှတ်​ပါ... ... ...
ဟာသဆိုတာ​တွေကို မီးအိမ်​ကိုင်​ပြီး​တော့ကို
လိုက်​ရှာ​နေရလို့...
အဲ့​တော့ကာ ... ဒါ​လေးကို update အမြဲမှန်​နိုင်​မယ်​ မ​တွေးကြနဲ့​နော်​... ကြို​ပြောထားရတာ XD

ကဲ ကဲ... နွေးထွေးစွာ ကြိုဆိုကြဗျားးးးး

*°*°*°*°*°   JGL   °*°*°*°*°*

Peter Pan အထက်တန်းကျောင်းကြီးကို
မနက်ကတည်းက တလှုပ်ရွရွဖြစ်နေရတယ့်
သတင်းတစ်ခုက အလည်မခေါ်ပဲရောက်လာခဲ့ပြီ...။
အဲ့တာဆို...ဘယ်လိုသတင်းမျိုးပါလိမ့်...???
နျူကလီယားဗုံးတွေကို ချိုချဉ်ဝေသလို ကျောင်းမှာလိုက်ဝေမယ်ဆိုတဲ့သတင်းလား?
ဒါမှမဟုတ်...လ ပေါ်ကို ကျောင်းသားအရောက်
တိုင်းကို အခမဲ့ပို့ပေးမယ်ဆိုတဲ့သဘောလား?
ဒါမှမဟုတ်...အသားဖြူLotionဘူးတွေကနေ
ရွှေထွက်ငွေထွက်အောင် လက်တွေ့လာစမ်း
သပ်ပြမယ်ဆိုတဲ့ သတင်းလား?

ဒါမှမဟုတ်ပေါင်းများစွာနဲ့ အတွေးတွေချာချာလည်နေ ရင်... လျှောက်စဉ်းစားနေတယ့်သူသာ ခေါင်းဖြူသွား
မည်... ။ တစ်ခုမှမဟုတ်... ... ... ။

တစ်ကယ်တော့...
ကျောင်းတစ်ခုလုံးကို စိတ်ဝင်တစားဖြစ်သွားစေတယ့် သတင်းက...
ကျောင်းသားသစ်တွေ အုပ်စုလိုက်ပြောင်းလာမယ်ဆိုတဲ့ သတင်းပဲ...။

ဒါဆို...ပြောင်းလာတဲ့ ကျောင်းသားတွေက
နာမည်ကြီးအနုပညာရှင်အဆိုတော်တွေမို့လို့
ဟိုးလေးတကျော်ဖြစ်နေတာလား?
ဘယ်ကလာ...၊ အနုပညာရှင် အဆိုတော်တွေသာ ပြောင်းလာရင် လက်မှတ်ထိုး...အတူဓာတ်ပုံရိုက် ​လောက်တာနဲ့တင် ပြီးပြတ်နေပြီ...။

အခုပြောင်းလာတဲ့သူတွေက...
ရိုးရိုးသာမန်ကျောင်းသားတွေ...၊
အဲ့...ရိုးရိုးသာမန်ကျောင်းသားဆိုပေမယ့် အဲ့ထဲက ကျောင်းသားတစ်ယောက်က...
အရာရှိကြီးတစ်ဦးရဲ့ တစ်ဦးတည်းသောသား။

ရာထူးတွေ...စည်းစိမ်တွေကို ကျောင်းအုပ်ကြီး
ထည့်မတွက်ပေမယ့်...အခုချိန်မှာ ထည့်တွက်နေရတာ တစ်ခုရှိသည်...။

ဟိုလောင်းကျော်လေးတွေ 12ယောက်... ... ... ။

လူရင်းကျောင်းသားဟောင်းတွေက ထို12ယောက်ရဲ့ အကြောင်းကို နောကျေနေသူတွေမို့... မသိမသာတစ်ဖုံ... သိသိသာသာတစ်သွယ် ရှောင်ရှားသွားကြပေမယ့်...
အခုပြောင်းလာမယ့် ကျောင်းသားအုပ်စုကတော့ ရှောင်ပေးမယ့်ပုံလဲမပေါ်...၊
သူတို့က မရှောင်ပေးရင် ဟို12ယောက်ကလည်း
ရှောင်ပေးပါ့မလား...၊
စိုးရိမ်စိတ်နဲ့ မေးလိုက်မယ်လို့ ကြံရွယ်လိုက်ပြီး ရုံးခန်းကို 12ယောက်လုံးကို ဆင့်ခေါ်လိုက်ရသည်...။

ဂျင်​ကလည်​ Twelve [ZG + UN]Where stories live. Discover now