မောင်ညီမလေးတို့ရေ...

6.8K 714 19
                                    

ကျောင်းအုပ် မျက်ခုံးတင်မက...တစ်ကိုယ်လုံး
လှုပ်နေသည်။
အကြောင်းက အခန်းရှေ့ဆုံးမှာ ဆရာကြီးတွေ
သဖွယ်ထိုင်ခုံမှာထိုင်နေကြသည့် ဂျင်ကလည်12ယောက်ကြောင့်...။
အေးပေါ့လေ...အခုအချိန်မှာတော့ သူတို့က
ဆရာကြီးတွေပေါ့...
သူတို့နဲ့ မျက်နှာချင်းဆိုင် ကြမ်းပြင်ပေါ်မှာ
ထိုင်နေကြတာက...
5နှစ်ဝန်းကျင် မူကြိုကလေးလေးတွေကိုး...။

ဖြစ်ပုံက ဒီလို....
...
...
...
...
...

•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°

သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်ရာလည်းရောက်
စိတ်ပြေရာလည်းရောက်အောင်
Peter Pan အထက်တန်းကျောင်းက ဒီလို
တောဘက်လေးကို ရွေးချယ်မိလိုက်တော့...
မျှော်လင့်ထားသည့်အတိုင်း ကျောင်းသူ
ကျောင်းသားတွေအကုန် ပျော်နေကြရသည်။

အယ်...
အလုံးစုံ မပျော်နိုင်တာဆိုလို့...
ကျောင်းအုပ်နဲ့ ဆရာတွေပဲရှိမယ်။
ဂျင်ကလည်တွေပါသော ခရီးစဉ်တိုင်းသည်
ပျော်ရွှင်ဖွယ်အတိတော့မဟုတ်...။
လက်ပစ်ဗုံး ဖင်ခုထိုင်ထားရသလို ဘယ်အချိန်
ထပေါက်မလဲ စိုးရိမ်နေရသည့်ဘဝ..။

ခဏလေးတောင် မျက်စိအောက်က အပျောက်
မခံနိုင်ရဲအောင်ပင်...။
အခုလည်း ဟိုနားသည်နားသာ လေ့လာရေး
သဘောလိုထွက်လာကြရသည်။
ကျောင်းအုပ်တစ်ယောက် ထိုအနှီ12ယောက်ကို
CCTVတစ်လုံးရဲ့ တာဝန်အတိုင်းစောင့်ကြည့်
နေရသည်။

အခုကျတော့လည်း ကောင်လေးတွေက
တခြားကလေးတွေလို ဟိုဆော့သည်ဆော့ပင်
မလုပ်ပဲ...
သစ်ပင်ကြီးတစ်ပင်အောက်မှာ စုပေါင်းထိုင်နေ
ကြသည်။
သူတို့ကြည့်ရတာ တောကမျောက်ကလေးတွေ
မြို့ထဲက တိရစ္ဆာန်ရုံရောက်လာကြသည့်အတိုင်း
ဟိုကုပ်ကုပ် ဒီကုပ်ကုပ်ကြည့်နေကြသည်။
အနီးအနားပင် လျှောက်မသွားရဲကြတော့သည့်
ပုံစံနှင့်...သူတို့အာရုံဖြင့်သာ သူတို့ စံစားပျော်ပါးနေကြလေသည်။

စောနက Chanyeolတစ်ယောက်
Baekhyunကို အောက်ကနေပင့်ရင်း သစ်ပင်ပေါ်တင်နေသဖြင့် အော်ပြီးရပြီးပြီ။
မတော် ပြုတ်ကျပြီး ခြေကျိုးလက်ကျိုးကုန်မှ...
ကျန်11ယောက်က သူ့ဘက်လှည့်လာနိုင်သည်
မဟုတ်ပါလား....။
ဟုတ်တယ်...ကျောင်းအုပ်ကြောက်ရတယ်ဆို
လဲ အလွန်မဟုတ်...
သူတို့က သူတို့အပြစ်ကို ဆင်ဝှေ့ရန်ရှောင်ပြော
တတ်ကြတာ 12ယောက်အပြင်မရှိ...။

ဂျင်​ကလည်​ Twelve [ZG + UN]Where stories live. Discover now