" ဟိုမုန့်က အသစ်ထွက်ပြန်တာပဲ...၊
ငါ့ဝယ်ကျွေးပါ့လား "ကန်တင်းက စားပွဲခုံနှစ်ခုကို သူတို့ပိုင်သကဲ့သို့မှတ်ယူ
ပြီး နှစ်ခုံဆက်ဝိုင်းထိုင်နေကြသည့် ဂျင်ကလည်အုပ်စု။
လက်ညှိုးညွှန်ကာ စိတ်ဝင်တစားပြောလာသော
Kaiအပြောကြောင့် Sehunလည်း ဝတ်ကျေတန်း
ကျေလှည့်ကြည့်ပေးလိုက်ပါသည်... ... ...။
ပြီးတော့...အင်းအင်းပေါ့...။" ဟင်... မင်းက အင်းအင်းပဲလား "
" အဲ့ဒါဆို အဲအဲလို့ပြန်ပြောရမှာယား "
သိလျက်သားနှင့်တမင်ညစ်ပတ်နေသော Sehunကို
မျက်စောင်းထိုးလိုက်ရင်း... ရည်ရွယ်ရာကို မရရအောင်
ပြန်ချီတက်သည်။" ငါ စားချင်လို့ပါSehunရ...
မင်းကလဲကွာ...အချင်းချင်းကိုဝယ်ကျွေးစမ်းပါ "Sehun သက်ပြင်းချလာသည်။ မုန့်ထုပ်တွေဘက်ကို
ချက်ချင်းလှည့်မကြည့်သေးဘဲ စားပွဲခုံအစွန်းကိုသာ
ခပ်တွေတွေငေးစိုက်ကြည့်နေ၏။
သိတယ်မလား...ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲက မင်းသားတွေ ဆုံးဖြတ်ချက်တစ်ခုချတော့မည်ဆိုလျှင်
လုပ်လိုက်ကြတဲ့အမူအရာတစ်မျိုး... ... ...။ရိုက်ချင်စရာကောင်းတာကို ပိုးစိုးပက်စက်ကိုဝန်ခံမိပေ
မယ့်...မုန့်တစ်ထုပ်စားရလဲ နည်းလားဟူသော
အတွေးနှင့် Kai အောင့်အီးသည်းခံပစ်လိုက်သည်။" အပြာရောင်လား... အနီရောင်လား "
ဟောဟော...မေးလာပြီ။ Kai ဝမ်းသာအားရပြန်ဖြေ
လိုက်ပါ၏။" အပြာရောင်...အပြာရောင် "
" အဲ့ဒါက အချိုအရမ်းများတယ်လို့စောနကကျောင်းသူ
တွေပြောနေကြတာ ငါကြားလိုက်ရတယ်... "" အဲ့ဆို အနီကွာ...အနီ...အနီ...အနီထုပ်ဝယ်ကျွေး "
" ငါက ကျွေးမယ်ပြောမိလို့လား "
သူကပဲ စိတ်တိုသွားသည့်ပုံနှင့် လေသံပီပီသသနဲ့ကို
ရန်ထောင်လာသော Sehunကြောင့်... Kai
သွေးကြောတွေတောင်ထောင်တက်ချင်လာသည်။