ကျေးဂျူးပြု၍...

9.2K 864 51
                                    

"အဟမ်း..အဟမ်း...ဒီမှာ..."

မရ...ရပ်ကွက်လူကြီး ချောင်းဆိုးပြလို့မက...
လည်ပင်းထဲကသွေးတွေထွက်လာတောင်
ဂျင်ကလည်ဆယ့်နှစ်ယောက်က သူတို့အလုပ်
မှာသာ သူတို့ခံစား စံစားနေကြသည်။
အဲ...ရပ်ကွက်လူကြီးရှေ့ တည့်တည့်ရောက်နေ
တယ့်သူတစ်ယောက်တော့ရှိလေရဲ့...။
တစ်ခြားသူတော့မဟုတ်...
Lay....
Layတောင် အကောင်းလာထိုင်နေတာမဟုတ်၊
ရပ်ကွက်ရုံးထဲရောက်တိုင်း သူ ခေါင်းတင်တင်
အိပ်နေကြ စာအုပ်အထပ်လိုက်ကြီးက...
ရပ်ကွက်လူကြီးစားပွဲခုံပေါ်ရှိနေတာမို့...
အခုလိုလာထိုင်ပြီး ခေါင်းခုအိပ်နေခြင်းပင်...။

ရပ်ကွက်လူကြီး အသံကိုနည်းနည်းမြှင့်လိုက်
ပြီး...

" ဒီမှာ ဒီမှာ အမွှေစိန်တို့ရေ!!!"

မရ...
အမယ်...ထောင့်စားပွဲဝိုင်းမှာထိုင်နေကြတဲ့
2ယောက်ဆို ရန်တောင်ဖြစ်နေကြသေးတယ်။
ကြည့်လိုက်တော့...
Luhan နဲ့ Tao...။
Tao က Luhanလက်ထဲက စက္ကူစွန်လေးကို
ကြည့်ကာ အလကားရသောမျက်စောင်းတွေ
လှိမ့်ပိန့်ထိုးနေသည်။

"ပြန်ပေးလို့...အဲ့တာ ကျွန်တော်ရှာလာတဲ့
စက္ကူလေ...။ပြန်ပေးလို့!!!"

အော်...ကြီးကြီးကျယ်ကျယ်ပြဿနာပါလား။
စက္ကူလုမှုနဲ့တော့ တရားမစွဲခိုင်းလောက်တော့
ပါဘူးနော်။
Taoစိတ်ဆိုးနေတာကို ကြည့်ပြီး ဟိုမိန်းမချော
ချောတဲ့ကောင်လေးက...
[[အင်း...ရပ်ကွက်လူကြီးကတော့နော်...
Luhanကြားရင်...
ရပ်ကွက်ရုံး မီးနဲ့လာရှို့ခံချင်နေပြီ...ဟိုကမှ
Sam Namjaဖြစ်ချင်နေပါတယ်ဆို...]]
တဟိဟိနဲ့ သဘောတွေကျနေသည်။
ကြာတော့ အနားမှာသူ့ရင်ဘတ်လေးသူပွတ်ကာ ရပ်နေသော Krisကြီးက နားညည်းလာသည် ထင်...

" ဘာတွေအကျယ်အကျယ်ဖြစ်နေကြပြန်တာ တုန်း ရင်ဘတ်အောင့်တာတောင်
မပျောက်သေးပါဘူးဆို...နားပါအောင့်လာပြီ...။
ဟိုကြက်တောင်စီးကလဲ မီးကိုမွှေးရှာတယ်...
ဒီပန်ဒါကလည်း စက္ကူလေးကို တအားတန်ဖိုး
ကြီးပြနေတယ်...ရော့...ရော့...အဲ့လောက်လု
နေကြတာ...ဒါနဲ့ဆော့..."

ဒါနဲ့ဆော့ဆိုပြီး...Krisက သူ့နားကစာအုပ်
တစ်အုပ်စီက စာရွက်ကိုဗြိခနဲဖြဲကာ Taoဆီကို
လှမ်းပေးလိုက်တာမြင်လိုက်ရတော့...
ရပ်ကွက်လူကြီး ဟိုက်ခနဲဖြစ်သွားသည်။
ပန်ဒါက ဝမ်းသာအားရနဲ့ သူ့Gegeပေးတဲ့
စာရွက်ကိုယူကာ လေတံခွန်ထိုင်ခေါက်နေ
သည်။သည်တော့ ဟို Hello Kittyလေးက
တစ်စခန်းထလာပြန်၏။
ဟုတ်တယ်လေ...သူလည်းအသစ်လိုချင်တာ
ပေါ့...သူ့လက်ထဲက လေတံခွန်က ခေါက်ပြီး
သားကြီး...။
သူ့မျက်နှာစူပုပ်သွားတာမြင်တော့...
အနားမှာ တစ်ကိုယ်တည်းဒွန့်နေသော..
Oh Sehunလေးက...
အားကျမခံ သူ့နံဘေးစားပွဲခုံပေါ်က..စာအုပ်စီ
ကစာရွက်တစ်ရွက်ကို ဗြိခနဲ ဖြဲပီးLuhanကိုပေး လိုက်ပြန်သည်။
ဟာ...ဗြိပြန်ပဟ...နောက်တစ်ယောက်ကလဲ။

ဂျင်​ကလည်​ Twelve [ZG + UN]Where stories live. Discover now