" အခုမှမှတ်မိကြတာလား "
" ဟင့်အင်း...တကယ်တော့ အခုမှသိတာလို့ပြောရမယ်
ထင်တယ်...၊ မင်းရုပ်ကို ငါတို့အခုမှမြင်ဖူးတာလေ "မျက်လုံးထောင့်စွန်းလေးနှစ်ဖက် သိသိသာသာကို
ချွန်ထွက်သွားသောကျောင်းသားလေးက ချစ်စဖွယ်
ကောင်းအောင်ပြုံးပြရင်း ပြောလာသည်...။
Yoon Jung Soonမှာ ငိုရအခက်၊ရယ်ပြရအခက်
နှင့် အချိန်တစ်ခုကြာအောင် ယောက်ယက်ခတ်ပြီးမှ..." မင်းတို့ကို ငါအတည်ပြောနေတာ၊
ဘာလို့ ငါ့ကိုဒီလိုပုံစံအတိုင်း ဆက်ဆံနေရတာလဲ...
စော်ကားလွန်းအားကြီးနေတာမဟုတ်ဘူးလား! "ဒေါသစိတ်ကြောင့်နီရဲတက်လာသောမျက်နှာကို
တစ်ချက်လှမ်းကြည့်ကာ အစွန်ဆုံးမှ စောစောက
နာမည်ဖတ်ပြသောကျောင်းသားက မတ်တပ်ထရပ်လာ
သည်... ... ...။
ပြောရမှာ တုန့်ဆိုင်းနေသောဟန်အမူအရာနှင့်
မျက်နှာလေးကိုငယ်ချထားရင်း သူ့လူဆယ့်တစ်ယောက်
ကိုလည်း အသာအကဲခတ်ကြည့်လိုက်သေး၏။
ကျန်ဆယ့်တစ်ယောက်က မင်းကိုပဲပုံအပ်ထားပါတယ်၊
မင်းစိတ်ကြိုက်အတိုင်းသာပြုမူလိုက်စမ်းပါဟူသော
အဓိပ္ပါယ်ဆောင်မျက်ဝန်းများနှင့်ကြည့်လာကြသည်
ကြောင့်... ... ... နိုင်ငံကိုယ်စားပြုရွေးချယ်ခံထားရ
သောသူတစ်ယောက်လို ဆုံးဖြတ်ချက်ပိုင်နိုင်သွားဟန်
နှင့် ထိုကျောင်းသား စကားကို စသည်...။" တကယ်တော့လေ... မင်းတို့အုပ်စု ငါတို့ကျောင်းကို
ပြောင်းမလာခင် အုပ်အုပ်က... "" အုပ်အုပ်? "
" အာ...ကျောင်းအုပ်ကိုပြောတာ၊ မြင်ဖူးတယ်မလား...
ဆံပင်လေး လေးငါးချောင်းကို ဒီထိပ်မှာတင်ထားတဲ့သူ
လေ... "ပြောပြောဆိုဆို သူ့ငယ်ထိပ်သူပုတ်ပြလာသေးသည်။
Jung Soon ခေါင်းကိုညိတ်ပြလိုက်မှ သူ့ပုံဖော်ခြင်း
ပြီးသွားသလို စကားပြန်ဆက်၏...။