ဘာသာပြန်​သူ

5.4K 579 36
                                    

" ဒီ​နေ့ menu အတွက်​ အထူးအစီအစဉ်​ရှိတယ်​ "

ဧည့်​ခန်းထဲက sofa​တွေ ထိပ်​ဆုံးမှာ မတ်​တပ်​ရပ်​​နေ
ရင်း ဆိုလာတဲ့ D.O.စကား​ကြောင့်​... ပြုံးတုံ့တုံ့နဲ့ D.O.
ကို စိုက်​ကြည့်​​နေတဲ့ Xiuminတစ်​​ယောက်
အခုပဲ အထုတ်​​တွေသွားသိမ်း​တော့မ​ယောင်​ ထ​ပြေးဖို့
ကြံ​နေတာ​ကြောင့်​ အကုန်​လုံးဝိုင်းဆွဲတားလိုက်​ရသည်​။
D.O.ကို အားနာတာ​ကြောင့်​​တော့မဟုတ်​...​သေမယ့်
အတူတူ​...အတူတူ​သေကြရ​အောင်​ဆိုတဲ့ ရဲ​ဖော်​ရဲဖက်
စိတ်​နဲ့ ဝိုင်းဆွဲတားလိုက်​ကြခြင်းသာ... ... ...။

" အင်း~~~ ​ကျော်​မ​ကောင်းကြားမ​ကောင်းသတင်း
တွေ​တော့ ထွက်​ကုန်​ဦး​တော့မှာပဲ...၊
တစ်​အိမ်​တည်း​နေ သူငယ်​ချင်းဖြစ်​သူ၏ အထူးအစီ
အစဉ်​စာစားပြီး​နောက်​ ​သေဆုံးသွား​သော 12​လောင်း
ပြိုင်​... "

" ဟာဗျာ!!! !!! !!! "

နဂိုတည်းကမှ ထ​ပြေးချင်​​နေ​သော Xiuminက
Krisကြီးကို လှမ်း​အော်​ပြီး မျက်​​စောင်းထိုးကြည့်​လာ
သည်​...။ အခုအချိန်​ ​မှောက်​လျက်​ထိုးလဲ​တောင်
ကြက်​သီးထချင်​​လောက်​​အောင်​ ​ကြောက်​စိတ်​ဝင်​​နေပါ
တယ်​ဆို... ... ...။

" Kris​ပြောသလိုဆို D.O. ရဲ့ အထူးmenuစာ မစားခင်​ ငါ့အခန်း​လေးကို အရင်​ရှင်းရမလား...အဲ့တာမှ
သတင်း​ထောက်​​တွေ လာသတင်းယူရင်​ သူတို့​ရောက်
နေတာ လူ​နေအိမ်​ဆိုတာ​လေးကို အသိနည်းနည်း
လောက်​ဝင်​သွား​စေချင်​တာ "

မီးဖို​ချောင်​စားပွဲခုံ​ပေါ်​ရောက်​​နေ​သော ခြံထဲကပန်းအိုး
သေး​သေး​လေး​တွေကို တစ်​ချက်​လှမ်းကြည့်​လိုက်​ရင်း
Luhanက ခပ်​ညည်းညည်း​လေး​ပြောလာရှာသည်​။
မ​နေ့က ဟိုlinerတူ 3​ကောင်​ ခြံထဲက ပန်းအိုး​တွေ
ကို ဘာစိတ်​ကူးနဲ့ အိမ်​ထဲထိ မ လာကြတယ်​မသိ...။
အဆင့်​အတန်းခွဲခြားတာမကြိုက်​လို့ ခြံနဲ့ အိမ်​အတွင်း
မခွဲခြားချင်​လို့ဆိုလား...။

" မင်းတို့​တွေ ... "

အပိုလုပ်​​ပြောကာ သူ့ကို ​ ​လှောင်​​နေ​သော တစ်​သိုက်​ကို
D.O. မျက်​နှာထားတည်​တည်​နဲ့ ကြည့်​ကာ ​ပြောလိုက်
တော့မှ... မတတ်​သာလို့ အရှုံး​ပေးရသည့်​ မျက်​နှာ​လေး​ တွေနှင့်​ အကုန်​​မော့ကြည့်​လာကြသည်​...။

ဂျင်​ကလည်​ Twelve [ZG + UN]Where stories live. Discover now