အပိုင်း{၁}

22.5K 1.2K 249
                                    

"ထူးဆန်းလိုက်တာနော်...ဘာလို့ မင်းချစ်တဲ့သူ
က သူဖြစ်နေရတာလဲ...ဘာဆိုဘာမှ...ဘာတစ်
ခုမှလည်း မတူဘူး"

အရာရာ စီနီယာ...ကျသယောင်ရှိသော်လည်း အချစ်ရေးတွင်တော့ မူလတန်းသုံးပြန်ကျ Forever Alone...Jun Myeon Hyungက...ကန်တင်းမှ သောက်ရန် လာချပေးသော
ဖန်ခွက်ကို တစ်ရှူးဖြင့် ထပ်ကာထပ်ကာ
သုတ်နေရင်း...အလွန်ထူးဆန်းသည့် အခြင်းအရာကြီးတစ်ခု သူ့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်ကို ဘဝင်မကျနိုင်သလို မအီမလည် မျက်နှာပေးကြီးနှင့် ပြောသည်...

"ဘာဆိုင်လို့လဲ...Hyungကလည်း..."

"သြော်...စဉ်းစားကြည့်လေ...ဟိုက...စာဂျပိုး
စာကလွဲပြီး ဘာဆိုဘာမှ စိတ်မဝင်စား...
အပေါင်းအသင်းဆိုလည်း များများစားစား
ရှိတာမဟုတ်...မင်းကျ စာကလွဲပြီး အကုန်စိတ်ဝင်စား..."

"ဟွန်း...တစ်ယောက်နဲ့တစ်ယောက် တူမှ ချစ်
ရမယ်လို့ ဘယ်သူပြောလဲ"

သူက...ပုလင်းထဲမှ အအေးကို...ဖန်ခွက်ထဲ
ထည့်လိုက်ရင်း မျက်မှောင်ကျုံ့လျက် ပြောသည်

"ဒါပေမယ့်...တစ်ယောက်နဲ့တစ်ယောက်
မတူတော့ ညှိရတာတွေ များတာပေါ့...
အဲဒါ နီးစပ်ဖို့ ပိုခက်စေတယ်တဲ့ ငါ စာအုပ်ထဲ
ဖတ်ဖူးတယ်"

"အမလေး...Hyung ရယ်...
အဲဒါကြောင့်လည်း...ဒီဘဝက မတက်တာ...
ဘယ့်နှယ်...အချစ်ကို စာအုပ်တွေထဲ လိုက်ရှာ
နေရတယ်လို့...ညှိဖို့ခက်တော့ မညှိရုံပေါ့..."

"ဟာ...မညှိတော့ ဘယ်လိုလုပ်မှာလဲ...မတူပါ
ဘူးဆို ညှိမှရမှာပေါ့"

ကျွန်တော်...ခေါင်းကိုသာ တွင်တွင်ရမ်းမိသည်

မဖြစ်လာသေးသော တတိယကမ္ဘာစစ်သာ
ပြီးလျှင်ပြီးသွားနိုင်သည်
သူနှင့် ငြင်းနေရလျှင် ပြီးမည်မဟုတ်...
ဘယ့်နှယ်...သူနဲ့သာ ပြိုင် ငြင်းနေရလျှင်...
ကျွန်တော့်ပန်းလေး မုန့်ဝယ်ပြီး အခန်းထဲပြန်သွားတာတောင် သိလိုက်မည်မဟုတ်...

ဒီနေရာမှာ ကျွန်တော် နည်းနည်းလောက်တော့
မိတ်ဆက်ပေးဖို့ လိုမည်ထင်သည်...

ကျွန်တော့် နာမည်... Oh Sehun...
အလယ်တန်း...တတိယနှစ်...နောက်နှစ်ဆိုလျှင် အထက်တန်း ပထမနှစ်တက်ရတော့မည်...

လူသားတစ်ယောက်ကို ချစ်မိခြင်းWhere stories live. Discover now