အပိုင်း{၂၀}

4.8K 602 100
                                    

"နွေကျောင်းပိတ်ရက်တွေက ရှည်လိုက်တာကွာ...😞"

သစ်ပင်သစ်ကိုင်း
ဝင်ရောက်ကွယ်ပျောက်လုဆဲ နေမင်းကြီးကို
ငေးကြည့်ရင်း Taoက...ဆွေးဆွေးမြည့်မြည့်
ညည်းတွားသည်

"အေးလေ...ငါလွမ်းနေပြီ😞"

"ဟင်း😑"

ပုစွန်ဆီရောင် တိမ်သားများကြား......
မီးခိုးရင့်ရောင် ငှက်များ ဟိုးအဝေးဆီသို့
ဦးတည်ပျံသန်းသွားကြတော့...ကျွန်တော်တို့
နှစ်ယောက်...သက်ပြင်း ပြိုင်တူချမိကြသည်...

"မင်းသိလား...ဟိုတစ်ခါ ငါ မင်းကို အောင်သွယ်
ပေးမယ်ပြောတဲ့ ဟင်နရီ ဆိုတဲ့...ငါ့အစ်ကို တစ်ဝမ်းကွဲလေ...😓"

"အင်း...ငါ မှတ်မိတယ်"

"သူလည်း သိပ်မကြာဘူး...ရည်းစားရသွား
တယ်...အခု သူ့ကောင်လေးကို အိမ်က
သိသွားကြပြီ်"

"ဟာ...အဲဒီတော့?"

Taoက...မြက်ပင်တစ်ပင်ကို...ဆွဲနှုတ်ရင်း
တစ်စစီ ဆွဲဖြတ်ပစ်နေသည်...

"သူ့ကို နိုင်ငံခြား ပို့လိုက်ကြတယ်...😷"

"သူ့ရည်းစားက လိုက်မသွားဘူးလား😐"

"မလိုက်နိုင်တဲ့နေရာကို ပို့လိုက်တာပေါ့~ငပိန်းရဲ့😩"

ဘာလဲဟ...ဘလိုင်းကြီး...😕

"မသိလို့မေးတာပေါ့ကွာ...မင်းကလည်း"

ဒီနေ့ သူ့ပုံကတစ်မျိုး...ငေးတိငေးငိုင် ဖြစ်နေ
သည်

JunMyeon Hyungနှင့် Kim Kaiက အပေါ်
ထပ်တွင် ဂိမ်းဆော့နေစဉ် ကျွန်တော်တို့
နှစ်ယောက် ခြံထဲတွင် ထိုင်နေကြခြင်းဖြစ်သည်

တစ်ခါတစ်လေကျတော့ တစ်ယောက်နှင့်
တစ်ယောက် နားလည်နိုင်သူချင်း...စကားပြောရ...အတူရှိရသည်က ပို၍ကောင်းသည်...

ဟိုနှစ်ယောက်က ရည်းစားမရှိကြတော့...
ကျွန်တော်တို့၏ ညည်းချင်းများကို အပိုတွေဟု
မြင်ကြသည်...😔

အင်းလေ...ကိုယ်တိုင် အဖြစ်မရှိမှတော့...
သူများကို နားလည်ပေးဖို့ ပိုတောင်ခက်ပြီပေါ့

"ငါ ကြောက်တယ်...Sehun"

"ဘာကိုလဲ 😯"

"ငါတို့ အဲလိုဖြစ်လာရင် ဘယ်လိုလုပ်မလဲ...
ငါတို့ အိမ်တွေက သိသွားတဲ့အခါ...သဘော
မတူတဲ့အခါ..."

လူသားတစ်ယောက်ကို ချစ်မိခြင်းWhere stories live. Discover now