အပိုင်း{၁၇}

4.4K 601 118
                                    

"ဟန်နီ...အဲ...HanKyung ah...
အိတ်ထဲက wigလေး ယူပေးစမ်းပါ..."

ဆရာ HeeChulက...ကျွန်တော့်မျက်နှာကို...
ဖုတ်ခါသလို...တို့ပတ်နှင့် တဖျတ်ဖျတ်ရိုက်နေရင်းမှ...ဆရာHanKyungအား...လှမ်းပြောသည်

"ပြာတာလား...ဆရာလား...ငါ့ကိုယ်ငါတောင်
မသဲကွဲတော့ဘူး~ဒီအခန်းကလည်း ပူလိုက်တာ😑"

ဆရာ ဤသို့...အကြောင်းမျိုးစုံဖြင့်...ညည်းညူ
နေခဲ့သည်မှာ...လွန်ခဲ့သော တစ်ပတ်လောက်တည်းက ဖြစ်သည်...

ပြဇာတ် တိုက်တော့ သူ...ဘာမှမပြောသေး...
ဒီလောက်က သာသာယာယာပင် ယပ်တောင်တဖျတ်ဖျတ်နှင့် ...အော်လိုက်...မာန်လိုက်
ညွှန်ကြားသင်ပြပေးနိုင်သေးသည်...

အနားနီးလာမှ အဝတ်အစားငှားဖို့ ကိစ္စလည်း သူ...ပြဇာတ်အပြင်အဆင်...နောက်ခံကားချပ်
ဒီဇိုင်းလည်းသူ...အခု မိတ်ကပ်ပြင်သည်အထိပါ သူဆိုတော့ ဆရာHeeChul စိတ်ပျက်လည်း
ပျက်လောက်ပါသည်...

"ကီးဘုတ်ကိုင်တဲ့လက်က brushကိုင်နေရ
တယ်...😑"

သူက...မဲ့တဲ့တဲ့နှင့်...ခေါင်းကို ဖြည်းဖြည်းချင်း ခါရမ်းလိုက်ရင်းမှ...ပုခုံးပေါ်ဝဲကျနေသော...
ဆံပင်များကို ဖြစ်ကတတ်ဆန်းစုသိမ်းပြီး
ရှေ့တွင်ရှိနေသော ကလစ်တစ်ခုနှင့် ကပိုကရို ညှပ်တင်လိုက်သည်

ဟင်း
😩
လိမ်းလိုက်ရသည့် မိတ်ကပ်...
တစ်ထပ်ပြီးတစ်ထပ်...
မျက်နှာတစ်ခုလုံး ထပ်တစ်ရာမုန့်ဖြစ်နေပြီလား
ဟုပင် တွေးမိသည်အထိ...😥

"မျက်လုံးမှိတ်ထား...ငြိမ်ငြိမ်နေ😒"

အနက်ရောင်ခဲတံကို ကိုင်ပြီး ဖြူဖွေးသေးသွယ်
သော ဆရာ့လက်က ကျွန်တော့်မျက်လုံးနား
ရောက်လာတော့ ကျွန်တော် စိတ်နှင့်ခန္ဓာ...
မကပ်ကပ်အောင် ဆွဲကပ်ထားမိသည်...

ဒါမျိုးတွေကို မိန်းကလေးတွေ နေ့တိုင်းလုပ်နိုင်
ကြတယ်ပေါ့...အံ့သြောပါ့...😂

"ဆံပင်တွေ ပွနေတယ်😔"

မျက်လုံးတစ်ဖက်ကို မှေးမှေးလေးဖွင့်ပြီး ခိုး
ကြည့်မိတော့...ဆရာHeeChul၏...ရှည်လျား
နွဲ့စင်းသော ဆံနွယ်များကို သိမ်းပြီး စည်းပေးနေ
သော ဆရာHanKyungကို တွေ့ရသည်...

လူသားတစ်ယောက်ကို ချစ်မိခြင်းWhere stories live. Discover now