အပိုင်း{၁၄}

5.8K 832 181
                                    

🎀ချစ်သူကို ပျော်ရွှင်စေမည့် နည်းလမ်းများ🎀

1.နွေးထွေးပျူငှာသော အထိအတွေ့...

ချစ်သူနှင့်နေ့စဉ် လက်ပွန်းတတီးနေပါ
အထိအတွေ့က စကားလုံးတွေထက် ထိရောက်ပါတယ်...တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်
ခြင်း...ဖေးမခြင်း...ပွေ့ချီခြင်း အစရှိတဲ့ ကိုယ်ချင်းနီးစပ်မှုတွေဟာ...ချစ်သူနှစ်ဦးကြား ဆက်ဆံ
ရေးကို တိုးတက်စေပါတယ်...

2.နမ်းပါ...
နမ်းတဲ့အခါ တစ်နေရာနှင့် တစ်နေရာ
မတူအောင် မထပ်အောင် နမ်းကြည့်ပါ...ချစ်သူ
ဘဝမှာ အနမ်းဆိုတာ မကင်းသင့်ပါ...နမ်းလို့ရ
သမျှနေရာ နမ်းကြပါတော့...

လခွမ်း...ဘာတွေလဲဟ...😟

3.တစ်ယောက်ကိုတစ်ယောက် မှီအိပ်တဲ့အကျင့်
ရှိပြီလား?
နေ့လယ်ဘက် တီဗီကြည့်ရင်းပဲဖြစ်
ဖြစ်...ညနေဆည်းဆာကို စောင့်ကြည့်ရင်းပဲဖြစ်ဖြစ်...ချစ်သူရဲ့လက်မောင်းပေါ်...ပုခုံးပေါ်...ပေါင်ပေါ်မှာ သင်အိပ်ဖူးပြီလား...မအိပ်ဖူးသေးရင် အိပ်ကြည့်ပါ...သင်တို့ရဲ့ ချစ်ခင်ရင်းနှီးမှုဟာ...
သိသိသာသာ တိုးတက်လာပါလိမ့်မယ်...

😕

4.မျက်ဝန်းချင်းဆုံပြီး စကားပြောပါ...

စတုတ္ထမြောက်ခေါင်းစဉ်ကို ဖတ်ပြီးနောက်...
စာအုပ်ကို ပိတ်ကာ...အိပ်ရာပေါ် ပစ်တင်လိုက်ရင်း...ကျွန်တော်...မျက်လုံးများကိုမှိတ်ပစ်လိုက်မိသည်...

"မင်း...အဲဒီလို သူ့ကိုနိုင်နေရင်...တစ်နေ့...
သူ မင်းကို ချစ်မှာမဟုတ်တော့ဘူး...😪သူ့ကို
ပျော်အောင်ထားပေးရမှာပေါ့...မင်းကလည်း😕"

BaekHyun၏ သြဝါဒ...

ဟင်း...😑

လူတစ်ယောက်က ကိုယ့်ကိုချစ်ပြီဆို...
ကိုယ် ဘာလုပ်လုပ်ချစ်နေရမှာပေါ့...😑

ခုတော့...ဒီလို ခပ်ပေါပေါ အကြံပေးစာများကို
ကျွန်တော့်မှာ ရှာကြံဖတ်နေရသည်...😕

သူ့နည်းလမ်းများကလည်း လက်ပွန်းတတီး
နေရမည်ဆိုတာချည်း...😟
လက်ပွန်းတတီးဆိုတာ
နေတိုင်း ကောင်းသည်မှ မဟုတ်ဘဲ...😒

လူသားတစ်ယောက်ကို ချစ်မိခြင်းWhere stories live. Discover now