အပိုင်း{၁၈}

4K 587 250
                                    

ကျောင်းကပွဲမှ ပြန်လာပြီးကတည်းက...အခန်းတံခါးပိတ်...အိပ်ရာထဲ လှဲနေသော...ကျွန်တော့်ကို JunMyeon Hyungက ဆယ့်ငါးမိနစ်တစ်ခါ မေးခွန်းတစ်ခု လာလာမေးသည်

"ထမင်းစားတော့မလား...Sehun?"

"ဟင့်အင်း...မစားချင်ဘူး"

"မစားသေးဘူးတဲ့...Omma...ကျွန်တော်
သူနဲ့မှ တူတူစားတော့မယ်"

"Hyung ဖာသာ Hyung နေပါဗျာ...ကျွန်တော်😞 အေးဆေးနေချင်လို့..."

ဖက်လုံးကိုဖက် တစ်ဖက်သို့ လှည့်ကာလှဲနေ
ရင်းမှ နောက်လှည့်မကြည့်ဘဲ ပြောမိသည်!.

ကျွန်တော် တစ်ယောက်တည်း နေချင်သည်...

"ငါ ပြောပြမယ်...Sehun ah...တစ်ခါတစ်လေ
တော့လည်း မျှော်လင့်ထားသလို ဖြစ်မလာတာ
တွေ ရှိတာပေါ့...ဒီလိုပဲ😪...စိတ်ထဲ သိပ်မထားနဲ့"

မွေ့ရာမှာ...အိခနဲနိမ့်ဆင်းသွားမှုကြောင့်...
လှည့်ကြည့်မိတော့ သူက ခေါင်းအုံး
တစ်လုံးကိုပိုက်ကာ...ကျွန်တော့်ဘေးဝင်ထိုင်
သည်...

"အေး...ဒါပေမယ့် ခေါင်းထဲတော့ ထည့်ထားရ
မယ်...ဒီလူ...ငါ့ကို ဒါမျိုးလုပ်ခဲ့ဖူးတယ် ဆိုပြီး"

သူ့မျက်ဝန်းများက...မှုန်သုန်သုန်...
အေးစက်စက်...

နဂိုကမှ သူနှင့် ပက်သက်ပြီး
ဘဝင်မကျ ချင်သော Hyungမှာ...အခုတော့
ပိစိညောက်တောက် အမြင်ကြည်စရာလေးပင် ရှာတွေ့စရာကျန်ပါဦးမလား😑

"ဒါမှ...နောက် ဆုံးဖြတ်ချက်ချစရာတွေ
ကြုံလာတဲ့အခါ...ထည့်ပြီးစဉ်းစားလို့ရမှာ...😕"

"သူ တစ်ခုခု အရေးကြီးတာ ပော်လာလို့ နေမှာ
ပါ"

"သူ့မှာ မင်းထက် အရေးကြီးတာတွေ
များလွန်းနေတယ်...အဲဒါကို ငါ မကြိုက်တာ"

နေပေါ့...ကျွန်တော် ကြိုက်ရင် ပြီးတာပဲဟာ😞

တွေ့လား...😭 ပိုစိတ်ညစ်လာပြီ...

အဲဒါကြောင့်...ကျွန်တော် တစ်ယောက်တည်း
နေချင်တာ...

"သွားတော့...Hyungရာ...စိတ်ညစ်ရတဲ့ အထဲ😞"

"မသွားနိုင်ပါဘူး...ငါပြောဦးမှာ...😟"

ကျွန်တော်...ခေါင်းအုံးကို ခေါက်ချိုးချိုးပြီး နား
နှစ်ဖက်ကို ဖိပိတ်ကာ အိပ်ဖို့ကြိုးစားလိုက်သည်

လူသားတစ်ယောက်ကို ချစ်မိခြင်းWhere stories live. Discover now