အပိုင်း{၃}

7.5K 888 147
                                    

ခုရက်များအတွင်း...အခြေအနေ သိပ်မကောင်း
ပန်းလေး...ကျွန်တော့်အပေါ် စိမ်းကားနေသည်
😞😞😞

ခဏ...စိမ်းကားသည်ဆိုရာ၌...ကျွန်တော်တို့
နှစ်ယောက် အခုထိ အကျွမ်းတဝင် ရှိနေသည်ဟု မဆိုလိုပါ...

အရင်လို ကျွန်တော် စိုက်ကြည့်လျှင် မျက်နှာတစ်ခုလုံး နီရဲတက်လာသည်မျိုး...
ကျွန်တော့်ကို မြင်လျှင် ခေါင်းငုံ့၍ ခပ်သုတ်သုတ် လမ်းလျှောက်သွားတတ်သည်မျိုး...
ကျွန်တော် မျက်စိမှိတ်ပြသည့်အခါ သူ့နှုတ်ခမ်း
ထောင့်စွန်းများ မသိမသာ ကွေးညွတ်သွားသည်မျိုး...

ဤသို့...အရောင်ဖျော့ဖျော့ ခပ်ပါးပါး တုံ့ပြန်မှု
လေးများကိုပင် ကျွန်တော် ပြန်လည်မရရှိတော့😞

ဥပမာ...
သူနှင့် ကျွန်တော် လမ်းမှာ တွေ့သည်ဆိုပါတော့
ထိုသို့တွေ့အောင်လည်း ကျွန်တော့်မှာ ကြံဖန်
ရတာဖြစ်သည်...ထားတော့...

ထိုသို့တွေ့လျှင် ကျွန်တော်က...ပျားရည်ပေါ် သကာဆမ်းရုံမက နို့ဆီလောင်းပြီး မလိုင်တက်လောက်အောင် သွားများအအေးပတ်မတတ်
အသံတိတ် ပြုံးပြနှုတ်ဆက်သည့်တိုင်...
သူ့မျက်ဝန်းလှလှများထဲ၌...ကျွန်တော်ဆိုသည့်
ကောင်ကို ဖုတ်လေသည့်ငါးပိ ရှိသည်မထင်
သည့်ဟန်...ဒီကောင်ကပဲ ပကတိနံရံကြီး ဖြစ်သွားသည့်အလား...မသိချင်ယောင်ဆောင်သွား
တတ်သည်...

အတင်းလိုက်ကြည့်၍ မျက်လုံးချင်းဆုံမိလျှင်
တောင် ဖြတ်ခနဲ လျင်မြန်စွာ အကြည့်လွှဲသွား
သည်မျိုး...ဘေး၌ တစ်ယောက်ယောက်ရှိနေ
လျှင်လှည့်၍ စကားပြောသလို လုပ်ပစ်လိုက်
သည်မျိုး...

ကြာတော့...ကျွန်တော် သိမ်ငယ်လာသည်...😞

ကိုယ့်ကိုယ်ကို ငါ...ဒီလောကမှာ ရှိနေသေးရဲ့လား...ဝိညာဉ်များ ဖြစ်သွားပြီလားဟု ထင်ချင်
လာသည်...

သူ ကျွန်တော့်ကို စိတ်ဆိုးသွားတာလား...😩

ဒါဆိုလည်း ဘာဖြစ်လို့လဲ...

ကျွန်တော် သူ့ကို စိတ်အနှောင့်အယှက် ကြီးကြီးမားမားပေးမိလို့လား😩

အမျိုးမျိုး စဉ်းစားကြည့်သော်လည်း ဤမျှအထိ
ပြစ်ဒဏ်နှင့် ထိုက်သင့်လောက်သော အဖြေက ထွက်မလာပါ...

လူသားတစ်ယောက်ကို ချစ်မိခြင်းWhere stories live. Discover now