အပိုင်း{၁၀}

5.8K 820 109
                                    

စာမေးပွဲဖြေရသည့်...နေ့ရက်များကတော့
ပျော်ဖို့လည်းကောင်းသည်...စိတ်လှုပ်ရှားဖို့
လည်း ကောင်းသည်...

သုံးလတစ်ခါ...လေးလတစ်ခါမှ မြင်ရတတ်သော မြင်ကွင်းများက တစ်ဖန် ပြန်လည် အသက်ဝင်လာကြသည်...

ဒီလို အချိန်မျိုး...JunMyeon Hyungတို့
အလုပ်အများဆုံး...
စာမေးပွဲမဖြေခင်အချိန်တွင် သူ့အနား၌ မသိတာမေးသူများ...
တစ်နှစ်လုံး ကိုယ့်ကိုယ်ကို အဟုတ်ကြီးမှတ် နားလည်ပြီထင်ခဲ့ပြီး အခုမှ မဟာ့မဟာ မရှင်းသည့်အပိုင်းကြီးများကို တွေ့ရှိသူများ...😂
ဖတ်စာအုပ်တစ်အုပ်လုံး ထုံးလိုချေ ရေလိုနှောက် မွှေနှောက်ပြီးတာတောင် မကျေနပ်နိုင်ဘဲ ဘယ်ချောင်ကမှန်းမသိသော ပုစ္ဆာများကို
ဖွေဖွေရှာရှာ တွေ့လာပြီး ခေါင်းခြောက်နေသူများ...😒
စာမေးပွဲမှာ ဘယ်အပုဒ်ပါမယ်ထင်လဲဟု
မေးခွန်းနှိုက်သလို ကံစမ်းမဲနှိုက်သလိုလုပ်တတ်သည့် ယောင်တောင်ပေါင်တောင်များ...
Hyungအနားတွင် ဝိုင်းဝိုင်းလည်နေသည်...

ဟိုကောင် Tao အဆိုးဆုံး...
စာမေးပွဲခန်းထဲမဝင်မချင်း အာရုံများတတ်သည်
ဟိုအပုဒ်ရဲ့အစက ဘာလဲ...😰
ဒီတစ်ပုဒ် ပါမယ်ထင်လား...😨
ဟိုဟာမေ့သွားပြီ...ဒုက္ခပဲ...😫
နက်ဖြန်ဖြေရမှာက သင်္ချာပါနော်...😵
နောက်ဆုံးအခန်းက အခက်ဆုံးပုစ္ဆာ တစ်ချက်
လောက် ပြန်ရှင်းပြပါလား...😥
မေ့သွားရင် ဘယ်လိုလုပ်မလဲ...😞
စသဖြင့် ကမ္ဘာပျက်ခမန်း ငြီးတွားနေတတ်သည်

ဒီလိုဆိုတော့ ကျွန်တော်နှင့် Kim Kaiက
တစ်ပါတီ...😁
သူတို့ပြောသည်များ လိုက်နားထောင်လျှင်
ကိုယ်ရနေသည့်အရာလေးပါ မေ့တေ့တေ့ဖြစ်သွားသဖြင့် ကျွန်တော်တို့နှစ်ယောက် ဒီလိုအုပ်စုမျိုးနှင့် ဝေးဝေးနေသည်...😂

ကိုယ့်ဖာသာကိုယ် ဖတ်လက်စ စာအုပ်ဖတ်နေ
ဒါမှမဟုတ် စာမေးပွဲပြီးလျှင် ဘာလုပ်မည် ဆိုတာလေး ဆွေးနွေးနေတာမှ တော်ဦးမည်...😂

အချစ်ကျ...တစ်ယောက်တည်း...ထိုင်ခုံတစ်ခုံ
တွင် ထိုင်၍ အေးအေးဆေးဆေး စာဖတ်နေ
တတ်သည်...ကြည့်စမ်းပါဦး...ကျွန်တော့်ချစ်သူဘယ်လောက် အထာကျလိုက်လဲ😍

လူသားတစ်ယောက်ကို ချစ်မိခြင်းWhere stories live. Discover now