အပိုင်း{၁၆}

5.7K 756 164
                                    

အထက်တန်းဒုတိယနှစ်...

ကျွန်တော်တို့ သူငယ်ချင်းအုပ်စုထဲတွင်...
ပန်းလေးပာဝင်လာပြီး BaekHyun ပါ...
ဝင်ရောက်လာသည်...နောက်...Kris Wu...

အင်း...သူကျ အဖွဲ့ထဲ တရားဝင် ဝင်ရောက်
လာသည်တော့ မဟုတ်...

ဒီတိုင်း...ကျွန်တော်တို့ အုပ်စုနားတွင် အမြဲလိုလို ရှိနေတတ်ခြင်းကြောင့် ဖြစ်သည်...😪

သူက...သိပ်စကားပြောလှသည်မဟုတ်...
ကျွန်တော်တို့ စကားပြောနေလျှင်လည်း...
သူ့ပုံစံက နားထောင်သလိုလို...မထောင်သလိုလို...သိပ်ပြီး စိတ်ဝင်စားမှု မရှိလှသလို😒

ဘယ်လိုပြောရပါ့...
သူ့ပုံစံက မှန်းရခက်သည်...
သို့သော် စိတ်သဘောကတော့ မှန်သည်...

ဟိုစကားဒီပို့...ဒီစကားဟိုပို့...ကိစ္စမျိုး...မရှိချင်
သဖြင့် နှုတ်ဆိတ်နေတတ်သည့် လူစားမျိုး ဖြစ်နိုင်ပြီး...ယောက်ျားပီသသည့် စိတ်ဓာတ်မျိုး သူ့မှာရှိသည်ဟု ပန်းလေးကတော့ ပြောသည်...😒

ဟွင်း...သူ ပြောပုံအရ...ကျွန်တော်ကပဲ...
ယောက်ျားပီသအောင် ပါးစပ် တိတ်ကပ်ပြီး
ထိုင်နေရတော့မလို😷

အရိုးသားဆုံး ဝန်ခံရလျှင်...ကျွန်တော်
ကတော့...Kris Wuကို...နည်းနည်းထပ်ပို
သော အတိုင်းအတာဖြင့် ဖင်ခေါင်းကျယ်သည်ဟု မြင်သည်...😔

ထားပါတော့လေ...

ကြာတော့လည်း ကျွန်တော်တို့အုပ်စုကပဲ...
မနေနိုင်မထိုင်နိုင်...ကိုယ့်သဘောနှင့်ကိုယ်
သူ့အား...အဖွဲ့ထဲ ဆွဲသွင်းလိုက်ပါသည်...😔

အဟင်း...😌

ပြောလို့ပြောသည်မဟုတ်...
ကျွန်တော်တို့အုပ်စုက ကိုယ့်အထာနှင့်ကိုယ်
နေကြပြီး အတော်လေး အထာကျသည့်ထဲ ပါ သည်...

ဆရာများစာမေးလျှင်...မမောနိုင် မပန်းနိုင်...
ပင်တိုင်ထဖြေမည့်...JunMyeon Hyungရှိ
သည်...သိကြသည့်အတိုင်း...သူ့ခမျာ...
ခိုင်းသမျှ မညည်းမညူလုပ်ရှာသဖြင့်
မျက်နှာသာပေးခြင်းလည်း ခံရသည်မဟုတ်လား...သူ့ သူငယ်ချင်းအုပ်စုဆိုတော့ ထို
အရှိန်လေးက...ကျွန်တော်တို့ကိုလည်း ပါးပါး
လေးရိုက်သည်...😌

လူသားတစ်ယောက်ကို ချစ်မိခြင်းWhere stories live. Discover now