အပိုင်း (၂၃)

1.5K 192 64
                                    

ကျွန်တော်တို့နှစ်ယောက် ဇာတ်လမ်းက သည်မျှနှင့် အလွယ်တကူ ပြီးဆုံးသွားခဲ့သည်တော့ မဟုတ်ပါ။

ကျွန်တော်က အကြောမာသလို ပန်းလေးကလည်း ခွင့်လွှတ်နိုင်ခဲ့သည်။ ဆိုတော့ အချိန် အတိုင်းအတာတစ်ခုအတွင်း ပိုနေမြဲ ကျားနေမြဲ အခြေအနေတစ်ခု ပြန်လည်ရရှိလာခဲ့သည်။

အကြိမ်ပေါင်း ငါးဆယ်နှင့်အထက် ကျွန်တော် တစ်ကျောင်းလုံးကို မျက်နှာပြောင်တိုက် လိုက်လံ တောင်းပန်ပြီးသည့် နောက်ဆုံးတွင်တော့ ပန်းလေးက ပြောသည်။

"ငါ မင်းကို ခွင့်လွှတ်တယ်...ချစ်နေတာမို့ပဲ...
ဒါပေမယ့် ဒီကိစ္စကို  ဘယ်တော့မှ မေ့မှာမဟုတ်ဘူး"

"အင်းပါ...ကျွန်တော် ခင်ဗျားကို အလုပ်နဲ့ သက်သေပြမယ်...စိတ်ချ"

"ဖယ်...ငါ့ကို မကိုင်နဲ့....အဲဒါတွေ မပါသေးဘူး"

ပုခုံးကို သိုင်းဖက်ဖို့ ကြိုးစားမိသော ကျွန်တော့်လက်များအား သူက ပုတ်ချလိုက်သည်။

​ပြောခဲ့သားပဲ...ပိုနေမြဲ ကျားနေမြဲ....

မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့အုပ်စုထဲမှ လူများကတော့ အခုမှ  ပြန်လည်​ကြည်လင်သွားသည့် ကောင်းကင်ကို မြင်ရသလို သက်တောင့်သက်သာ ဖြစ်သွားကြသည်။

Jun Myeon Hyungမှ လွဲ၍...

ဘယ်တတ်နိုင်မလဲ...

ကျွန်တော်က ချစ်နေသည်ပဲ...

သူ့အနားလေးမှာ ရှိနေရသည်ကိုက ကျွန်တော် ပိုင်ဆိုင်ထားသည့် ပျော်ရွှင်မှုလေး ဖြစ်ကြောင်း လက်ခံရမည်ပဲလေ...

Tao ပြောသလိုဆိုလျှင် အရာရာတိုင်းက အချိန်ယူရသည်တဲ့...

သူက Kris Wuကို မေ့ပစ်ဖို့ အချိန်ယူနေရသလို ကျွန်တော်လည်းပဲ ပန်းလေးအတွက် အချိန်များစွာယူရမည် ထင်ပါသည်။

ရှိစေတော့... 

💗လူသားတစ်ယောက်ကို ချစ်မိခြင်း💗

တကယ်တမ်းကျ သိပ်ပြီးတော့ အချိန်ယူလိုက်ရသည်လည်း မဟုတ်ပါ။

အထက်တန်း နောက်ဆုံးနှစ် စာမေးပွဲ ပြီးသွားသည့်နောက် ကျွန်တော်တို့ အတန်းမှ အတန်းသားများ စုပေါင်းပြီး ခရီးထွက်ဖြစ်ခဲ့ကြသည်။

လူသားတစ်ယောက်ကို ချစ်မိခြင်းWhere stories live. Discover now