အပိုင်း{၁၃}

6.2K 869 176
                                    

ရာသီဥတုက...အိုက်စပ်နေသည်...
္နဒီနှစ်နွေက ရက်ရက်စက်စက်ပူသည်ဟု ကျွန်တော် ထင်မိသည်...

ပြတင်းပေါက်မှနေ၍ လေပူများက တစ်ချက်
တစ်ချက် တိုးဝင်လာတတ်သော်လည်း...
စိတ်နှင့် ခန္ဓာကို အေးမြစေခြင်းငှာ မတတ်နိုင်
စွမ်းပါ...

ကျွန်တော်တို့ အခန်းပြတင်းပေါက်မှ ကြည့်လိုက်လျှင် တစ်ဖက်အိမ်မှ ညိုညစ်ညစ်...အိမ်နံရံနှင့်
ပိတ်ထားသော မီးခိုးရောင်တံခါးချပ်ကို မြင်ရသည်...ထို့နောက် သစ်ပင်တစ်ပင်...

့ပြတင်းပေါက်မှနေ၍... စိတ်ပြေလက်ပျောက်
လှမ်းကြည့်စရာ ထိုသစ်ပင်ငယ်သာ ရှိပါသည်...
သစ်ပင်သည် မစိမ်းတော့...မိုးရေစက်များနှင့် မထိတွေ့ရသဖြင့် ဖုန်များတင်ကာ အနည်းငယ်ပင် ညစ်နွမ်းနွမ်းဖြစ်နေပြီဟု ကျွန်တော် ထင်မိသည်...

ရော်ရွက်ဝါလေးများက ကိုင်းဖျားကိုင်းနားတွင်
အနိုင်နိုင် တွဲလဲခိုနေကြသည်...နွေလေရူးက
ပင့်တိုက်လိုက်သည့်အခါ အလွင့်လွင့် အလူးလူး
ဝရုန်းသုန်းကား လွင့်ပါသွားကြသည်...🍂

သြော်...သစ်ရွက်လေးတွေ ကြွေလို့များ...
သူ ကျွန်တော့်ကို မေ့ဖို့ပြောခဲ့တာလား...🍃

"Sehun ah...ဒါလေး စားကြည့်စမ်းပါ🍮"

"အု...ဖလု...အွတ်...အာ...ဘာတွေလဲ😨"

ပါးစပ်ထဲ ရောက်လာသော အမျိုးအမည်မသိ အရာများကို အလန့်တကြား...ပါးစောင်ထဲကပ်ထားလိုက်ရင်းမှ...ကျွန်တော် စိတ်ညစ်ညူးစွာ
မေးမိသည်...😫

"ပူတင်းကျောက်ကျော...ငါ ကိုယ်တိုင် လုပ်ထား
တာ...😌"

ပူတင်းများ အပြည့်ထည့်ထားသော ဇလုံကြီးကို လက်တစ်ဖက်ကကိုင်...လက်တစ်ဖက်က ဇွန်းကိုကိုင်ရင်း မျက်လုံးများပင် အရောင်တောက်လျက် မျှော်လင့်တကြီး မေးနေသော JunMyeon Hyungကို မြင်ရတော့ ကျွန်တော် ငိုချင်သွားသည်...

"ကောင်းလား😁😔"

သြော်...ဆွေးနေပါတယ်ဆိုမှ အရသာမြည်းပေး
ရဦးမယ်...😣

ကျွန်တော် ပြီးပြီးရော လျှာနှင့် ခံတွင်းကို မြန်မြန် အလုပ်ပေးလိုက်ပါသည်...

လူသားတစ်ယောက်ကို ချစ်မိခြင်းWhere stories live. Discover now