အပိုင်း{၁၂}

5.8K 830 134
                                    

သူနှင့်ဝေးနေရသော နွေပိတ်ရက်များတွင်...
ကျွန်တော် စက္ကူကြယ်များ ခေါက်ဖြစ်သည်...

တစ်ရက်ကို တစ်ခု...ရှည်မျောမျော ရောင်စုံစက္ကူစလေးများ၏ အတွင်းဘက်တွင် ကျွန်တော် သူနှင့် ပက်သက်၍ သတိရသည်တို့ကို ချရေးဖြစ်သည်

နှုတ်ခမ်းမှ အမာရွတ်လေးကို ဘယ်လိုရလာ
ကြောင်း မေးဖို့မေ့သွားသည့်အကြောင်း...

နိုင်ငံတကာ မိုးလေဝသ သတင်းလာလျှင်
Beijingမြို့၏ ရာသီဥတုအကြောင်း ဂရုစိုက် နားထောင်မိကြောင်း...

ဒီနေ့တော့ဖြင့် ကျွန်တော် ဖျားနေကြောင်း...သူ့ကိုတော့ နေကောင်းစေချင်ကြောင်း...

သတိရတိုင်း ဝယ်စားဖြစ်သည့် ချောကလက်
ရေခဲမုန့်များသည် အရသာ မရှိကြောင်း

ဒီနေ့လည်း ဂွမ်မြောင်ဒိုလမ်းထဲသို့ ရောက်ဖြစ်
ကြောင်း...

ထိုသို့ စာတိုလေးများရေးပြီး ကြယ်ကလေးများ
အဖြစ် ခေါက်...ပုလင်းလေးထဲ တယုတယသိမ်း
လိုက်ရခြင်းဖြင့် တစ်နေ့တစ်နေ့ သူနှင့်
ကျွန်တော် တွေ့ရဖို့ ရက်များ မဝေးလှတော့သလို ခံစားရသည်...

ဒီကြယ်ကလေးများက...
ကျွန်တော့် ခံစားချက်များဖြစ်သည်...
တစ်ချိန်ချိန် ဖြစ်လာမည့် ဆုတောင်းများ
လည်း ဖြစ်သည်...
တစ်ချိန်ချိန် အကောင်အထည်ဖော်
မည့် ဆန္ဒများဆိုလျှင်လည်း မမှား...
လွမ်းချင်းနှင့် ချစ်ခြင်းမေတ္တာတို့ ရောပြွန်းနေ
သော ဒီပုလင်းလေးတွင် သူ့အပေါ်ထားရှိ
သော...အရောင်စုံသည့် ကျွန်တော့်စိတ်ခံစားမှုမျိုးစုံကို ထည့်သွင်းထားပါသည်...

သူလည်း ဒီလို ကျွန်တော် လုပ်ထားတာလေးကို တွေ့ရင် ပျော်မှာပဲ...ကျွန်တော် သူ့ကို ဘယ်
လောက်ချစ်တယ်ဆိုတာ ခံစားမိမှာပဲ...😌

တစ်ခုကောင်းသည်က...ဒီနှစ်နွေ ကန်ဝန်ဒိုသို့ သွားမနေရတော့...အဖိုးနှင့်အဖွားက အိမ်သို့
နှစ်ပတ်မျှ...အလည်အပတ်လာနေသည်...😊

ခါတိုင်းထက် အနည်းငယ် အနေကြုံ့သော်
လည်း...ဟိုမှာ အိပ်ရာထဲ လှိမ့်ပိမ့်ခွေနေရတာထက်စာလျှင် အများကြီးတော်သေးသည်...

လူသားတစ်ယောက်ကို ချစ်မိခြင်းWhere stories live. Discover now