အပိုင်း{၂၁}

5.4K 516 259
                                    

အထက်တန်း နောက်ဆုံးနှစ်၏ အစသည်...
ခြောက်ခြားဖွယ်ရာ လစ်ဟာမှုတစ်ခုနှင့် စတင်ခဲ့
သည်...

အမြဲလိုလိုနှုတ်ဆိတ်နေတတ်သော...
လူတစ်ယောက် ကျွန်တော်တို့နားမှ ရုတ်တရက် ပျောက်ဆုံးသွားခြင်းသည် ကျွန်တော်တို့အုပ်စု၏ စကားသံများကိုပါ ပျောက်ရှစေခဲ့သည်...

နာမည်ကြီးတံဆိပ်များကို...ကြွားဝါခြင်းကင်းစွာ...ဝတ်ဆင်တတ်သော...
အုပ်စုလိုက် မုန့်စားလျှင် ဟုတ်ဟုတ် မဟုတ်ဟုတ်...မင်းရှင်းအလှည့်...ဟုပြောလျှင်...
နှုတ်ဆိတ်ကာ ပိုက်ဆံထုတ်တတ်သော...
ခပ်တည်တည်နှင့် ဟုတ်ဟုတ်မဟုတ်ဟုတ်
လူကြီးလူကောင်းပုံစံ ဖမ်းနေတတ်သော...

Kris Wu၏...နေရာလပ်သည်...ကျွန်တော်တို့
အား အံ့အားသင့်ဖွယ်ရာ စောင့်ကြိုနေခဲ့သည်

ဆွေမျိုးတော်စပ်သည့် Byun Baek
ကိုယ်တိုင်တောင်မှ သူ ဘာလို့
ဒီလို ထွက်သွားခဲ့လဲ...သေချာစွာမသိခဲ့...

သူ ကနေဒါ ပြောင်းသွားပြီ ဆိုသည်မှလွဲ...
ကျွန်တော်တို့ ဘာမှ မသိခဲ့ရပါ...

အဆိုးဆုံးက Tao...
ဘာဆိုဘာမှ ပြောမသွားခဲ့သော ချစ်ရသူ၏
ခွဲခွာခြင်းအတွက် ဘယ်လိုခံစားရမည်မှန်း...သူ
တကယ် မသိနိုင်ခဲ့...

နှစ်ပတ်လောက်အထိ ရက်ရှည်ခရီးထွက်တာ
နေမှာပါဟု ခေါင်းမာစွာ ငြင်းဆန်နေခဲ့သေးသည်...

တဖြည်းဖြည်းချင်း အမှန်တရားတစ်ခုဆိုတာ
သေချာလာသည့်နောက်တော့...သူ စကားနည်းသွားသည်...

ကိုရီးယားသံဝဲဝဲနှင့် စာနေတတ်သော သူ့အသံကို ကျွန်တော်တို့ သိပ်မကြားရတော့...

မေးရင် ဖြေသည်...

ကလေးဆန်ဆန် ဂျီတိုက်တတ်သော...
ကျွန်တော်နှင့် ငြင်းဖော်ငြင်းဖက် တိုင်ပင်ဖော်
တိုင်ပင်ဖက် Taoသည်...
တွေဝေငေးမောခြင်းများနှင့်သာ လွှမ်းခြုံနေ
တတ်သော...ထိုင်းမှိုင်းသည့် လူတစ်ယောက်
အဖြစ် ပြောင်းလဲသွားသည်...

နီရဲမို့အစ်နေတတ်သော မျက်လုံးများနှင့်
အခန်းတံခါးဝဆီသို့ ငေးနေတတ်သော သူ့ကို
မြင်ရသည်မှာ ကျွန်တော်တို့ရင်ထဲ မချိ...

လူသားတစ်ယောက်ကို ချစ်မိခြင်းWhere stories live. Discover now