အပိုင်း{၂}

9.9K 1K 170
                                    

"Kim Kai...မင့်ဟာက...ကွကိုယ် ဖြည့်လာတာ
တော့ မဟုတ်ပါဘူးနော်...dash ( - ) တွေချည်း
ပဲ"

အိပ်ရာထက်တွင် ဝမ်းလျားမှောက်ထားလျက်မှကျွန်တော်...စာမျက်နှာများကို တယုတယလှန်
ရင်း...သင်္ကာမကင်းဖြစ်လာမိသည်...

"အားအားယားယား...အဲဒါတွေ ရေးရမှာများ
ပျင်းလွန်းလို့"

ရေးခိုင်းမယ့်သူ မရှိတာများ...ပြောရင်လည်း
ဒဲ့ထိဦးမယ်...😕

"သူက...သိပ်မဖြေချင်ဘူးနဲ့ တူတယ်နော်"

"မသိဘူးလေ..."

ဆတ်တောက်တောက်အဖြေက...
ကျွန်တော့်အား...ဂိမ်းဆော့နေသော သူ့ကို
နောက်စေ့မှနေ၍ ဖြောင်းခနဲပိတ်ရိုက်ချင်စိတ်
လေး...ထောင်းခနဲ ဖြစ်ပေါ်လာစေသည်...

ဟင်း...စိတ်လျှော့...Oh Sehun...စိတ်လျှော့
မင်းက သူတော်ကောင်းလေး...😣

JunMyeon Hyungနှင့် သူ တွေ့ကြပြီဆိုလျှင်
ဂိမ်းပြိုင်ဆော့ဖို့လောက်သာ အာရုံရှိသည်...

ကျွန်တော့်လို ရှေ့ရေးကို ကြိုမမြင်တတ်...
နှစ်ယောက်လုံးက ဦးနှောက်ငယ်ငယ်လေးတွေ

"သူကြိုက်တဲ့အဆိုတော်က ဘူနို မားစ်တဲ့"

"မင်းကြီးဒေါ်...ဘူနိုမားစ်...ဘရူနိုမားစ်
Bruno Marsပါကွ...ပြောလိုက်ရင် တလွဲ"

"သိပါတယ်...နောက်တာ😥"

ကိုယ့်ညီလေးကို...လူရှေ့သူရှေ့မှာ အကာ
အကွယ်ပေးမည်မရှိ...😩

သူကပါ...တဟားဟားနှင့်လိပ်ခေါင်းထွက်
အောင် ထိုင်ဟားပေးမည့် အစ်ကိုမျိုး...😒

ဝဋ်ကြွေးကြီးလှ၍သာ သူလိုအစ်ကိုမျိုးရသည်...
😞😞😞

"ကျွန်တော် မကြားဖူးပါလား"

"သြော်...မင်းက အင်္ဂလိပ်သီချင်းနားထောင်
တယ်ဆိုတော့"

နှိမ်ပြန်ပြီ...😟
အခုကစပြီး နားထောင်ရင် ဖြစ်တာပဲ
ဟာ...

သူက...စပ်သော အစားအစာများကို ကြိုက်
သည်တဲ့...ကျွန်တော်က...အစပ်မစားနိုင်...

ကော်ဖီကြိုက်သည်တဲ့...

သူ့လက်ရေးက ခပ်သော့သော့လေး...
ကျွန်တော့်ထက်လှသည်...

လူသားတစ်ယောက်ကို ချစ်မိခြင်းWhere stories live. Discover now