Part 1 (oct 2017)

33.6K 2.1K 88
                                    

အောက်တိုဘာလ ၃၁ ရက်နေ့

၂၀၁၇ ခုနှစ်

ပုံပေမြို့

အီတလီနိုင်ငံ

NIHIL DURARE POTEST TEMPORE PERPETUO

CUM BENE SOL NITUIT REDDITUR OCEANO

DECRESCIT PHOEBE QUAE MODO PLENA FUIT

VEN(TO) RUM FERITAS SAEPE FIT AURA L(E)VIS

ဘယ်အရာမှ ထာဝရ မတည်မြဲနိုင်ပါဘူး..

နေမင်းဟာ ထိန်လင်းတောက်ပခဲ့ပြီးရင် ပင်လယ်သမုဒ္ဒရာအောက်မှာ ပျောက်ကွယ်သွားမှာပါ..

လမင်းဟာ ပြည့်ဝန်းဝိုင်းစက်ခဲ့ပြီးရင် တဖြည်းဖြည်း သေးငယ်သွားမှာပါ..

လေပြင်းဟာ မာန်ဟုန်ပြင်းပြင်းတိုက်ခတ်ပြီးရင် လေပြည်အဖြစ် ပြောင်းလဲသွားမှာပါ..

ဟိုတယ်ခန်းမ၏ ဧည့်သည်နားနေခန်းရှိ ဆိုဖာထိုင်ခုံထက်တွင် ထိုင်နေသော ကောင်လေးတစ်ယောက်သည် အခန်းနံရံရှိ ဘောင်ခတ်ထားသော စာတမ်းပုံကို လှမ်းကြည့်နေသည်။ နက်ပြာရောင် ကျောပိုးအိတ်ငယ်သည် အားကစားဖိနပ်စီးထားသော လူငယ်ကောင်လေး၏ခြေရင်းနားမှာ လဲကျနေသည်။ လိပ်ခွေနေသော ဆံပင်နက်များသည် နဖူးပေါ် ၀ဲကျနေသည်။ တခြမ်းစောင်းပုံစံ သန်မာသော ဆံပင်လိပ်များကို ပိုင်ဆိုင်ထားပြီး နားရွက်အထက်နားမှစပြီး ဘေးနှစ်ဖက်စလုံးကို ခပ်ပါးပါးရိတ်ထားသောကြောင့် လည်တိုင်မှာ ရှင်းနေသည်။

"ဒါ ပုံပေ (Pompeii) မြို့ဟောင်းထဲမှာ တွေ့ခဲ့ရတဲ့ နံရံစာတမ်းတွေထဲကတစ်ခုပဲ ကောင်လေးရ။"

တည်းခိုခန်းပိုင်ရှင်ဖြစ်ဟန်တူသော အသက်ငါးဆယ်အရွယ် လူကြီးတစ်ယောက်က လူငယ့်ဘေးမှာရပ်ရင်း စကားဆိုသည်။ ဟုတ်ပါသည်။ ရှေးဟောင်း လက်တင်ဘာသာစကားဖြင့် ရေးသားထားသည့် ထိုစကားလုံးများသည် ပုံပေ မြို့ဟောင်းကြီး၏ များပြားလှစွာသော နံရံစာတမ်းများထဲမှ တစ်ခုဖြစ်သည်။ မူရင်းရေးသားခဲ့သူသည် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀၀ နီးပါးက အသက်ရှင်ခဲ့သူတစ်ယောက်။ မည်သူမှန်းမသိ။ မည်သည့်အတွက် ရည်ရွယ်ရေးသားခဲ့မှန်းမသိ။ ဒါပေမဲ့ နှစ်ပေါင်းများစွာ မြေအောက်မှာ နားခိုခဲ့ပြီးမှ တူးဖော်မြင်တွေ့ခွင့် ရခဲ့သော ပုံပေမြို့ဟောင်းကြီးနှင့်အတူ ထိုစကားလုံးများသည် တစ်ဖန်ပြန်လည်အသက်ဝင်လာခဲ့သည်မှာ ကြာခဲ့ပါပြီ။

ထာ၀ရ ပုံပေWhere stories live. Discover now