Part 47 (Unicode)

13.5K 2K 222
                                    

"ဦးဦး.. ထတော့။ ထ တော့။"

ကလေးငယ်တစ်ယောက်၏ ခေါ်သံကို ဖဲလ်လစ် ကြားနေရသည်။ သူ့ ပခုံးကို လှုပ်နှိုးနေသည့် သေးငယ်သော လက်ဖဝါးများကို ခပ်ဖြည်းဖြည်း ဖယ်လိုက်ရင်း ကောက်ရိုးပုံပေါ်မှ ထထိုင်လိုက်သည်။

နစ်မြှုပ်နေခဲ့သော အိပ်မက်ဆိုးများကြောင့် ရင်တွေတုန်နေသေးသည်။ ကောက်ရိုးပြတ်များရှကာ ယားယံနေသောကြောင့် လက်ဖျံတွေ နီရဲနေသည်။ ခြေသလုံးမှာလည်း အစင်းကြောင်းတစ်ချို့ ထင်ကျန်ရစ်သည်။ နာကျင်စပ်ဖျဉ်းမှုထက် အိပ်ချင်မပြေသေးသည့် မျက်လုံးများက သူ့ကို ပိုပြီးနှိပ်စက်ကလူ ပြုနေသည်။ မိုးလင်းခါနီးမှ မှေးခနဲ အိပ်ပျော်သွားခဲ့ခြင်းဖြစ်သောကြောင့် တစ်ကိုယ်လုံးမလှုပ်ချင်တော့အောင် ပင်ပန်းနေသည်။ မျက်နှာကို လက်ဖြင့် ပွတ်သပ်လိုက်သည်။ ကောက်ရိုးတစ်ချို့ ဆံပင်လိပ်များမှာ ငြိတွယ်နေသည်။ အခန်းထောင့်ရှိ မြင်းနက်ကြီး၏ နှာမှုတ်သံကို ကြားရမှ သူ ဘယ်ကိုရောက်နေသည်ကို ပြန်လည် သတိထားဖြစ်သည်။

ထို့အတူ ဘယ်ဘက်ရင်အုံမှ ကျင်ခနဲ နာကျင်မှုတစ်ခု။

မျက်စိရှေ့ကို မော့ကြည့်သော်လည်း ကလေးငယ်မှလွဲပြီး မည်သူမှ ရှိမနေ။ တစ်ချိန်က ကမ်းပေးလာခဲ့သည့် လက်အစုံကို မြင်ယောင်လာစဉ် ရင်ခွင်တစ်ခုလုံး ဆုတ်ဖဲ့ခံရသလို နာကျင်ရပြန်သည်။

သူ့ဘဝတွင် အကြိမ်ပေါင်းများစွာ လဲကျခဲ့ဖူးသည်။

နာကျင်ခဲ့ဖူးသည်။

ဖေးမကူညီပေးမည့်သူ ဘယ်တုန်းကမှ မရှိခဲ့ဖူး။

ထိုအချိန်ကသာ..

ထိုသူတစ်ယောက်သာ..

အားရီးယူးစ်သည် ဇာတ်လမ်းရေးသားသူဆိုပါလျှင် ဖဲလ်လစ်သည် သဘောဆန္ဒမပါဘဲ ဖျော်ဖြေရသည့် ဇာတ်ကောင် တစ်ယောက်သာ ဖြစ်ခဲ့ပါလိမ့်မည်။ ထိုစဉ်က ပုံပေမြို့သို့ မသွားချင်ဘဲ သွားခဲ့ရသည်။ လုလိယက်စ် သနားလာအောင်ဆိုသည့် အကြောင်းပြချက်တစ်ခုအောက်မှာ ကျွန်ကုန်သည်၏ နှိပ်စက်မှုများကို မျက်နှာမပျက်ခံယူဖြစ်ခဲ့သည်။ ကလေးဘဝကတည်းက ကြိမ်ဒဏ်တွေ၊ ပြစ်ဒဏ်တွေသည် ဖဲလ်လစ်အတွက် အထူးအဆန်းမဟုတ်ခဲ့။

ထာ၀ရ ပုံပေWhere stories live. Discover now