Part 36 (2017) (Unicode)

15.5K 2.1K 37
                                    

အောက်တိုဘာလ

၂၀၁၇ ခုနှစ်

ပုံပေမြို့ဟောင်း

အီတလီနိုင်ငံ

"ဟေ့လူ... ဝင်လို့ရပြီဆိုဗျ"

"သြော်..ဟုတ်ကဲ့ ဟုတ်ကဲ့။ ကဲ..ကဲ..ဒီဘက်ကို ဆက်လာခဲ့ကြပါဦးဗျာ။"

ဧည့်သည်တစ်ယောက်က အသိပေးလိုက်မှ မာကို လက်ကြီးမြှောက်ကာ ရပ်တန့်နေသည်ကို သတိရသွားသည်။ အမျိုးသားရေချိုးဆောင်ကြီး၏ မျက်နှာချင်းဆိုင်ခန်းမကြီးထဲမှ ကိုရီးယားဧည့်သည်အုပ်စုသည် ထွက်ခွာလာပြီဖြစ်သည်။

ဒီကောင်လေးနှင့်တော့ သူ ခက်နေပြီ။ ဘာပြောလိုက်တာလဲ။ ဒီမြို့ဟောင်းကြီးမှာ တစ်ယောက်ယောက်က သူ့ကိုစောင့်နေသည်တဲ့။ ဒီရောက်လာကတည်းက ဘာဆိုဘာကိုမှစိတ်ဝင်စားပုံမရှိသည့် ဧည့်သည် လူငယ်လေးသည် ယခုအခါမှာလည်း ခေါင်းငုံ့ရင်း မြေကြီးကိုသာ စိုက်ကြည့်နေသည်။ လက်နှစ်ဖက်ကို ဂျာကင်အကျီင်္အိတ်ကပ်ထဲ ထိုးထည့်ထားသည်။ လူထူးလူဆန်းကောင်လေးကို ဂရုမစိုက်ဘဲ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ဖို့ မိမိကိုယ်ကို ပြန်အသိပေးရင်း ဧည့်သည်များကို အခန်းတွင်းသို့ ဦးဆောင် ခေါ်ဆောင်လာခဲ့သည်။

အခန်းအတွင်းသို့ သူတို့အားလုံး ဝင်လာခဲ့ကြသည်။ သိပ်မကြာလိုက်။ ဧည့်သည်များထံမှ အာမေဋိတ်သံများ၊ အံ့သြသံများ တီးတိုးထွက်ပေါ်လာသည်။ ခန်းမအလယ်တွင် စားပွဲတစ်ခု။ စားပွဲပေါ်တွင် ထောင့်မှန်စတုဂံပုံ မှန်အခေါင်းတစ်ခုရှိပြီး အထဲတွင်တော့ ရုပ်သွင်းထားသော ရုပ်အလောင်းတစ်ခု ရှိနေသည်။

"ဒါ..ဒါ.."

"ဟုတ်တယ်။ သူဟာ မီးတောင်ပေါက်ကွဲစဉ်တုန်းမှာ သေဆုံးသွားခဲ့တဲ့ ပုံပေမြို့သူ တစ်ယောက်ပဲ။"

အားလုံးထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ နီးပါးအချိန်က အသက်ရှင်ခဲ့သူတစ်ယောက်သည် ယခု သူတို့အားလုံးရဲ့ မျက်စိရှေ့မှောက်မှာဖြစ်သည်။ သူမ ဟု သုံးစွဲလို့ရပါလိမ့်မည်။ ကလေးမလေးသည် ငယ်ရွယ်သူ အမျိုးသမီးလေးတစ်ယောက်ဖြစ်သည်။ မှန်ခေါင်းထဲတွင် မှောက်ရက်ပုံစံလဲလျောင်းနေသည်။ လက်နှစ်ဖက်စလုံးက ခပ်ကွေးကွေးဖြင့် မျက်နှာကို ကွယ်ထားသည်။ ပုံပေမြို့မှ တူးဖော်ရရှိသော ရုပ်အလောင်းအတော်များများတွင် တွေ့ရသော အသက်ရှူမွန်းကြပ်မှုကြောင့် သေဆုံးသွားခဲ့သည့် ပုံစံပင် ဖြစ်သည်။

ထာ၀ရ ပုံပေWhere stories live. Discover now