Part 23 (2017) (Unicode)

16K 2.3K 105
                                    

အောက်တိုဘာလ

၂၀၁၇ ခုနှစ်

ပုံပေမြို့ဟောင်း

အီတလီနိုင်ငံ

နေမင်းသည် ကောင်းကင်ယံတွင် ရွှေ့လျား ခရီးသွားနေရသည်ကို မောပန်းဟန်မရှိသေး။ တဖြည်းဖြည်းနှင့် မြင့်တက်လာခဲ့သည်မှာ မွန်းတည့်ချိန်သို့ပင် ရောက်လာခဲ့ပြီဖြစ်သည်။ ဆောင်းဦးကာလဖြစ်သောကြောင့် အေးချမ်းမည် ထင်ရသော်လည်း နေမင်းအရှိန်သည် ဖျော့တော့ခြင်းမရှိတော့။ ပုံပေမြို့ဟောင်းမှ အဆောက်အဦးပျက်များ၊ ကျောက်ခင်းလမ်းများပေါ်တွင် ဖြာကျနေသော နေရောင်သည် ပူသည်ထက်ပူကာ၊ လင်းသည်ထက် လင်းလာပြီဖြစ်သည်။

မြို့လယ်နားနီးလာပြီဖြစ်သောကြောင့် ဧည့်သည်အုပ်စုများ တိုးဝှေ့နေသည်မှာ လမ်းလျှောက်ဖို့ပင် နေရာကောင်းကောင်းမကျန်တော့။ ကျောက်တုံးကြီးများ ခင်းထားသော မြို့လယ်လမ်းမတစ်လျှောက် သူတို့အားလုံး လူစုမကွဲအောင် သတိထား လျှောက်နေကြသည်။ ပူပြင်းမှုကြောင့် ခရီးသွားဧည့်သည်များမှာ အနွေးထည်တွေကို သူသူကိုယ်ကိုယ် ချွတ်နေကြသည်။

"ဟေ့ကောင်လေး။ အသက်ခြောက်ဆယ်ဆိုတာ အဘခေါ်ရမယ့်အရွယ်မဟုတ်ဘူး။"

မာကိုသည် သူ့ဘေးမှကောင်လေးကို ကြိတ်ဆူနေဆဲ ဖြစ်သည်။

"ရောမခေတ်တုန်းကတော့ ငါ့အသက်အရွယ်က အဘအရွယ်ပေါ့။ ရောမလူမျိုးတွေရဲ့ ပျမ်းမျှသက်တမ်းက ယောက်ျားလေးဆိုရင် ၄၁ နှစ်၊ မိန်းကလေးဆိုရင် ၂၉ နှစ်လောက်ပဲရှိတာကိုး။ ဒီခေတ်မှာ အသက်ခြောက်ဆယ်ကို အဘ သွားခေါ်ရင် မင်းရူးနေလို့ပဲ။ အခုခေတ်မှာ အသက်ခြောက်ဆယ်ဆိုတာ အစ်ကိုကြီးတို့အရွယ်ပဲ ရှိသေးတာ။"

"ဦးလေးကြီးလောက်တော့ လုပ်ပါဗျာ။"

အုပ်စုထဲမှ ခပ်နောက်နောက် လူငယ်တစ်ယောက်က ဝင်ပြောတော့ အားလုံးဝါးခနဲ ရယ်လိုက်ကြသည်။

"ရှင်က အသက်ဘယ်လောက်ရှိပြီလဲ။"

"ငါးဆယ်ကျော်ပဲရှိပါသေးတယ်ဗျ။"

ဆွဲကြိုးဝင့်ဝင့်နှင့် အဒေါ်ကြီး၏ အမေးကို မာကို ခပ်မဲ့မဲ့ဖြေတော့ အားလုံးက မယုံကြည်ကြဟန်။ ပြုံးစိစိနှင့် ၀ိုင်းကြည့်နေကြသည်။

ထာ၀ရ ပုံပေWhere stories live. Discover now