Part 35 (Unicode)

15.5K 2.3K 260
                                    

ဤအိမ်ကြီးသို့ရောက်တိုင်း မိမိနားနေမြဲဖြစ်သော အခန်းတွင်းသို့ လုလိယက်စ် လှမ်းဝင်လာခဲ့သည်။ အဝတ်အစားထည့်သည့်သေတ္တာ၊ အနားသုံးဖက် အမြင့်ကာထားသော ခုတင်၊ စားပွဲငယ်။ အရာအားလုံးသည် ယခင်ကအတိုင်းပင်။ သိုးမွှေးအိပ်ရာခင်းမှ အမွှေးနံ့သာနံ့ကို ရလိုက်သည်။ အိပ်ခန်းငယ်သည် ရှင်းသန့်နေသည်။ ဖုန်တစ်စက်မရှိသလို ပင့်ကူအိမ်မျှင်တစ်ခုပင် မတွေ့ရ။

အကြိမ်အခါပေါင်းများစွာ မြင်ဖူးပြီးဖြစ်သော အခန်းနံရံမှ နံရံဆေးရေးပန်းချီကားချပ်ကြီးကို လှမ်းကြည့် ဖြစ်သည်။ တောတောင်ရှုခင်းများနှင့် အသက်ဝင်လှသော ပန်းချီကားထဲမှ သာယာမှုများသည် အရင်အချိန်များကလို နွေးထွေးမှုမပေးနိုင်။ သက်ပြင်းချရင်း လက်ထဲမှဓါးတိုကို စားပွဲပေါ်သို့ လှမ်းတင်လိုက်သည်။ သတိမထားမိဘဲ တင်လိုက်မိသောကြောင့် စားပွဲထောင့်မှ ကြေးမှန်ဝိုင်းလေးကို တိုက်မိသွားသည်။

ကျယ်လောင်သော မြည်သံနှင့် ကြမ်းပြင်ပေါ် ပြုတ်ကျသွားသော ကြေးမှန်ဝိုင်းလေးကို လုလိယက်စ် လှမ်းကောက်လိုက်သည်။ ချစ်စရာပြုံးပြနေသော အမျိုးသမီးငယ်လေး၏ ရုပ်ပုံကို ခေတ္တခဏငေးစိုက်ကြည့်ပြီးမှ စားပွဲပေါ်ပြန်တင်လိုက်သည်။ ဒါပေမဲ့ သူ့လက်တွေ လေထဲမှာ တစ်ဝက်တစ်ပျက် ရပ်တန့်သွားသည်။

စားပွဲပေါ်မှာ ပန်းအိုးလေးတစ်ခု။

ပန်းရောင်နှင်းဆီပွင့်များသည် စွင့်ကားဖူးဝေနေသည်။

ကြေးမှန်လေးကို လက်ထဲမှ ဘယ်လိုချလိုက်မှန်းပင် လုလိယက်စ် သတိမထားမိလိုက်။ ပန်းခက်ပန်းနွယ်များဖြင့် သွန်းထုထားသော ငွေပန်းအိုးလေးကို လှမ်းယူလိုက်သည်။

ယိမ်းနွဲ့သွားသော နှင်းဆီပန်းပွင့်လေးသုံးပွင့်ကို မျက်တောင်မခတ် ကြည့်နေဖြစ်သည်။ သင်းသင်းမွှေးသော ပန်းနံ့များကို နှာခေါင်းနှင့်ထိရုံ နမ်းရှိုက်ဖြစ်သည်။ လက်ချောင်းထိပ်တွေ တုန်မလာခင် ခပ်ဖြည်းဖြည်း ပြန်ချဖြစ်သည်။

သူ မျှော်လင့်ချင်တာလား။

ဒါမှမဟုတ်..

ထာ၀ရ ပုံပေWhere stories live. Discover now