Ch. 5 အပေးအယူအသစ် (Part 1)

19.1K 1.9K 4
                                    

" ဘာလဲ....ငါပြောတာကို မယုံနိုင် ဖြစ်နေတာလား ? "

Tang Fang ရဲ့ အမူအရာကို သဘောတကျဖြစ်လို့ ခေါင်းကိုမော့ပြီး ဟက်ဟက်ပက်ပက် ရယ်လိုက်တယ်။

" မင်း Tang Fang အစစ်မှ ဟုတ်ရဲ့လား ? မင်းပုံစံက အတိတ်မေ့နေတာတင် မဟုတ်ဘူး။ တခြားတစ်ယောက် ဖြစ်သွားသလိုပဲ ။ "

Charles ဟာ အရှေ့မှာ ထိုင်နေတဲ့ Tang Fang ကို စူးရှ အားကောင်းတဲ့ မျက်ဝန်းအစုံနဲ့ စိုက်ကြည့်နေတယ် ။ ညို့ယူနိုင်စွမ်းအပြည့်ရှိတဲ့ ဒီအကြည့်တွေအောက်မှာ တော်တန်ယုံလူဆို ကြွေဆင်းကျသွားလောက်တယ် ။

" မင်းကို မတွေ့ရတာ တစ်လလောက်ပဲ ရှိဦးမယ် ။ ဒါပေမယ့် အခု မင်းက ငါ့ကို အရင်နဲ့မတူတဲ့ ခံစားမူ အသစ်တွေ ပေးနေတယ် ။ "

" ကျွန်တော် အတိတ်ကို မမှတ်မိဘူး ။ အဲ့ဒီတော့ အရင်က ကျွန်တော် ဘယ်လို လူစားလဲဆိုတာ မသိတော့ဘူး ။ "

Charles က ဘာကိုမှ ဂရုမစိုက်တဲ့ပုံစံနဲ့ ပခုံးတစ်ချက်တွန့်ပြီး မထူးဆန်းတဲ့ လေသံမျိုးနဲ့....

" အေးလေ... မင်းက သေရွာကနေပြန်လာတာဆိုတော့ အရင်ကနဲ့ မတူဘဲ ပြောင်းလဲလာတာ သိပ်တော့လည်း မထူးဆန်းပါဘူး ။ "

Tang Fang ဟာ အရင်ဘဝဟောင်းက အကယ်ဒမီဆုပေါင်း များစွာ ရဖူးခဲ့တဲ့သူပဲလေ ။ ဘယ်လို မထင်မှတ်တဲ့ အဖြစ်အပျက် ၊ အကြောင်းအရာမျိုးနဲ့ ထိပ်တိုက် ရင်ဆိုင်လာရလာရ သွေးအေးအေးနဲ့ ဆုံးဖြတ်နိုင်စွမ်း ရှိတယ် ။ အထူးသဖြင့် သူ့မှာ နှလုံးရောဂါက ရှိနေပြန်တော့ စိတ်ကို တက်နိုင်သမျှ ငြိမ်သက်နေအောင် ထားနိုင်ဖို့က အရေးကြီးဆုံး အချက်ပဲ ။ အကယ်လို့များ နှလုံးခုန်နူန်းကိုသာ ငြိမ်အောင် မထိန်းထားနိုင်ခဲ့ရင် သူ့အသက်ရူခြင်းပါ တစ်ခါတည်း တန်းရပ်သွားမှာမို့လို့လေ ။

ငါ့ဆီကနေ စကားအစ်ဖို့ ကြိုးစားချင်နေတာလား ။ ထင်သလောက် လွယ်မယ် မထင်နဲ့ ။

" ပြောပါဦး.. တစ်လလောက်နေတော့မှ ကျွန်တော့်ကို ပြန်တွေ့တော့ စိတ်ထဲ ဘယ်လိုနေလဲ ? "

Tang Fang ရေနွေးနွေးနဲ့ မျက်နှာကို ပတ်ဖြန်းပီး လက်နဲ့ အသာအယာ နှိပ်နယ်တယ် ။ မျက်နှာပေါ် ဝဲကျနေတဲ့ ဆံနွယ်တွေကို လက်နဲ့ အသာနောက်ကို လှန်ဖြီးလိုက်တယ် ။ တစ်ချက်တစ်ချက် စင်လာတဲ့ ရေစက်တွေဟာ မျက်နှာပြင်ကနေ ရေချိုးကန်ထဲ တစ်စက်ပြီး တစ်စက် စီးကျနေတယ် ။ ချောမောနုနယ်တဲ့ သူ့ရုပ်ပြင်မှာ ရှာတွေ့စရာ အပြစ်အနာဆာဆိုလို့ တစ်ခုလေးတောင်မှ မရှိဘူး ။

True Star (Myanmar Translation )Where stories live. Discover now