Ch.26 Auditions ( Part 2)

14.8K 1.6K 11
                                    

ဓာတ်လှေကား အတွင်းဘက်ထဲမှာ သူတို့နှစ်ယောက်အပြင် တခြားဧည့်သည်တစ်ယောက်ပါ ရှိနေလေတယ် ။ အဲ့ဒီအတွက်မို့ သူတို့နှစ်ယောက် ဘာသိဘာသာ နေဖို့ သိပ်မဆင်ပြေတော့ဘူး ။ အချင်းချင်း စကားပြောဖို့ ဆိုပြန်တော့လည်း ဘယ်ကနေဘယ်လို စကားကိုစရမှန်း မသိကြပြန်ဘူး ။

ပထမထပ်.....ဒုတိယထပ်.....တတိယထပ်..... ဓာတ်လှေကားဟာ ဖြည်းဖြည်းချင်းပဲ အပေါ်ကို တက်သွားနေတယ် ။

Tang Feng ဟာ စိတ်ထဲကနေပြီး Ge Chen နဲ့ပတ်သတ်တဲ့ အကြောင်းအချက်လက်တွေကို စဉ်းစားနေမိတယ် ။ အသက်က ၂၄နှစ်ထဲမှာ ။ သူနဲ့အတူ Idol အဖွဲ့တစ်ခုထဲမှာ အတူပါဝင်ခဲ့တယ် ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က Solo debut ထွက်ခဲ့တယ် ။ ပထမဆုံးရိုက်ခဲ့တဲ့ ရုပ်ရှင်ကားမှာ အမျိုးသား ဇာတ်ဆောင်နေရာကနေ သရုပ်ဆောင်ခဲ့ရပြီးတော့ ၊ အဲ့ဒီနှစ်မှာ ချီးမြင့်တဲ့ အကောင်းဆုံး တက်သစ်စ အနုပညာရှင်ဆုကို ရရှိခဲ့တယ် ။ နောက်ထပ်လည်း အကောင်းဆုံး တက်လမ်းရှိနေတဲ့ အနုပညာရှင်ဆု ၊ ပေါ်ပြူလာအဖြစ်ဆုံး အမျိုးသား သရုပ်ဆောင်ဆုလိုမျိုး ဆုတံဆိပ်များစွာ ရရှိခဲ့ပြန်သေးတယ် ။

Ge Chen ဆီမှာ အောင်မြင်ကျော်ကြားဖို့ အတွက် လိုအပ်တဲ့ အခြေခံ အကြောင်းအရာ အားလုံးနီးပါး ပြည့်စုံနေပြီ ။ သူ လိုအပ်နေသေးတဲ့ အရာတစ်ခုကတော့ အကျိုးရလဒ်ကောင်းတစ်ခု ဖြစ်ပေါ်အောင် အလုပ်ကောင်းကောင်း လုပ်ဖို့ပဲ ။ ဒီအနုပညာရပ်ဝန်းမှာ သင်ဟာ ဘယ်လောက်ကြီးပဲ ခြေကုပ်တစ်ခု ရယူထားနေပါစေ ၊ သင့်အရည်အချင်းကို ပြသခွင့် မရဘူးဆိုရင် ၊ သင့်အတွက် နေရာဆိုတာ မရှိဘူး ။ တကယ့် ငွေကြယ်ပွင့် အစစ်အမှန် ဖြစ်လာမယ့် လမ်းကြောင်းထက်ကို သင် ရောက်ရှိလာနိုင်မှာ မဟုတ်တော့ဘူး ။

ယခု လက်ရှိ Ge Chen ဆီမှာ Tang Feng တိုင်းတာဖို့ရာ မတက်နိုင်တဲ့ အခွင့်အရေးကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတယ် ။ ကြီးမားလှတဲ့ အနုပညာ အေဂျင်စီ ကုမ္ပဏီနှစ်ခုဟာ Ge Chen နောက်ဘက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နေပေးတယ် ။ ငယ်ရွယ် နုပျိုပြီး အောင်မြင်ကျော်ကြားမူ ကိုလည်း လက်ဝယ် ပိုင်ဆိုင်ထားတယ် ။ အလုပ်လုပ်ရာမှာ ဇွဲကောင်းတယ်လို့လည်း သတ်မှတ်ယူဆ ခံထားရပြန်သေးတယ် ။ ဘယ်လိုလူမျိုးကပဲ Ge Chen ကို အကဲခပ်ခပ် ၊ သူ့ဘဝမှာ အရာအားလုံး ပြည့်စုံနေတယ်လို့ တညီတညွတ်တည်း ထောက်ခံကြလိမ့်မယ် ။

True Star (Myanmar Translation )Where stories live. Discover now