Ch.63 : The Trees Long For Peace , But The Wind Will Never Cease ( Part.2 )

13.3K 1.4K 46
                                    

Internet Water Army ဆိုတဲ့ အဖွဲ့အကြောင်း ကြားသိမိရချိန်မှာ Tang Feng တစ်ယောက် အဲ့ဒီအဖွဲ့က ဘာလုပ်တဲ့အဖွဲ့လဲဆိုပြီး စူးစမ်းသိချင်စိတ် ဖြစ်ပေါ်မိခဲ့ပေမယ့် Xiao Yu က သူနဲ့ပတ်သတ်တဲ့ အွန်လိုင်းပေါ် တက်လာတဲ့ ဘယ်သတင်းတွေကိုမှ ဖတ်လို့မရအောင် တားမြစ်ကန့်သတ်ထားလေတယ် ။ သို့ပေငြားလည်း Tang Feng ဟာ မဆုတ်မနစ် ဇွဲထက်သန်တဲ့သူ တစ်ယောက်ဖြစ်ပြီး နဂိုကတည်းက ခေါင်းမာတဲ့လူတစ်ယောက် ဖြစ်နေလေတော့ Xiao Yu စကားကို ဒီဘက်နားကဝင်ပြီး ဟိုဘက်နားက ပြန်ထုတ်ပစ်လိုက်တယ် ။ သိချင်စိတ် တစ်ဝက်နဲ့ လူသိများတဲ့ သတင်းအချက်အလက် နှီးနှောဖလှယ်ရာ web page တစ်ခုကို ဖွင့်ကြည့်ကြည့်လိုက်တယ် ။ တော်တော်များများဟာ သူနဲ့ပတ်သက်လို့ ပြောဆိုဝေဖန် ဆွေးနွေးနေကြပြီး အားလုံးနီးပါးဟာ သူ့ကို ပြစ်တင်ဝေဖန်ရူံ့ချတဲ့ စကားတွေပဲ ဖြစ်နေလေတယ် ။

ရေးသားထားတဲ့ comments တချို့ကို ဖတ်မိပြီး ဟက်ဟက်ပက်ပက် ရယ်ပစ်လိုက်မိတယ် ။

" ငါထင်နေတာက မင်း အဲ့ဒီ comments တွေဖတ်ပြီးရင် အကြီးအကျယ် ပေါက်ကွဲသွားမယ် ထင်တာ ။ အရင်တုန်းကဆို တစ်ယောက်ယောက်က မင်းမကောင်းသတင်း တစ်ခုလောက် ပြောမိတာနဲ့  ကြက်ခေါင်းဆိတ်မခံ မပြီးနိုင်မစီးနိုင် ပြန်ရန်တွေ့နေတော့တာပဲ ။ "

သာယာကြည်နူးဖွယ်ရာ မနက်ခင်းအချိန်အခါလေးမှာ Lu Tian Chen ဟာ အိမ်နေရင်း အဝတ်အစား ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး သတင်းစာကို ဖတ်ရူနေရင်းနဲ့ အခုလို မှတ်ချက်ပြုလိုက်တယ် ။ ခေါင်းကြီးပိုင်းမှာ ပါလာတဲ့ သတင်းခေါင်းစဉ်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ရဲ့ နူတ်ခမ်းထောင့်စွန်းထက်မှာ အေးစက်စက်အပြုံးတစ်ခု ခေတ္တခဏ ပေါ်ပေါက်လာခဲ့လေတယ် ။

" ဒီလိုဆိုရင် အဲ့ဒီအချိန်တုန်းက ခင်ဗျား ကျွန်တော်နဲ့ ပတ်သက်ပြီး တော်တော်လေးကိုမှ မျက်စိစပါးမွှေးစူးခဲ့မှာပဲ ထင်တယ် ။ "

Tang Feng ဟာ စားပွဲထက်မှာ သူ့အတွက် ပြင်ဆင်ပေးထားတဲ့ မနက်စာထဲက နို့ဖန်ခွက်ကို ကောက်ယူလိုက်ပြီး ခေါင်းငုံ့ကာ တစ်ငုံသောက်လိုက်တယ် ။

ဖတ်ရူနေတဲ့ သတင်းစာကို အောက်ကို ပြန်ချလိုက်ပြီး Lu Tian Chen ဟာ Tang Feng ကို တစ်ချက် ကြည့်လိုက်တော့ အဲ့ဒီအမျိုးသားလေးရဲ့ နူတ်ခမ်းတစ်ဝိုက်မှာ အဖြူရောင် ခရင်မ်တွေဟာ ပေကျံလို့နေတာ တွေ့လိုက်ရတယ် ။ Tang Feng ဟာ လျှာနဲ့ နူတ်ခမ်းတစ်ဝိုက်ကို ပေါ့ပေါ့ပါးပါးပဲ လျှက်လိုက်ပေမယ့်လည်း လုံးဝပြောင်မသွားပဲ အနည်းငယ် ကျန်နေသေးသလို စိတ်ထဲ ခံစားမိတယ် ။ လက်သုတ်ပဝါတစ်ထည်ကို ကောက်ယူလိုက်ပြီး နူတ်ခမ်းတစ်ဝိုက်ကို သုတ်ပစ်လိုက်လေတယ် ။

True Star (Myanmar Translation )Место, где живут истории. Откройте их для себя