Ch.81: Kiss Kiss (Part-1)

10.4K 1.2K 53
                                    

Tang Feng ဆီကနေ ခနိုးခနဲ့ စကားလုံးတွေနဲ့ လှောင်ပြောင်ပြောဆိုတာကို ခံနေရပေမယ့်လည်းပဲ Lu Tian Chen ဟာ ဘာကိုမှ အမူမထားသလို ပုံစံမျိုးနဲ့ ခပ်အေးအေးဆေးဆေးပဲ နေလေတယ် ။ တိတ်ဆိတ်စွာပဲ သူဟာ ဖန်ခွက်ထဲက ဝိုင်ကို ပါးစပ်တစ်ငုံစာအပြည့် သောက်သုံးလိုက်လေတယ် ။ သူစတင်စကားပြန်လည်ပြောဆိုတဲ့အခါမှာတော့ လက်ရှိဖြစ်ပျက်နေတဲ့ ပြသနာနဲ့ ဘာမှမဆိုင်တဲ့ ခေါင်းစဉ်တစ်ခုကို ရွေးချယ်ပြောဆိုခဲ့လေတယ် ။ အခြေအနေကို သဘောပေါက်တဲ့ Tang Feng ဟာလည်း လိမ္မာပါးနပ်စွာနဲ့ အလိုက်သင့်လေးပဲ ပြန်လည်ပြောဆိုခဲ့လေတယ် ။

" ဒီပြသနာနဲ့ ပတ်သတ်ပြီး မင်းဘာမှ စိတ်ပူပန်နေဖို့ မလိုဘူး ။ ငါ တစ်ယောက်ယောက်ကို ဖြေရှင်းခိုင်းလိုက်မယ် ။ ဘာတွေပဲ ဖြစ်ဖြစ် Ge Chen ဟာ အခု သူရထားတဲ့ ခြေထောက်က ဒဏ်ရာကြောင့် သင်တန်းကနေ အချိန်ကာလတစ်ခုကြာ အနားယူရဦးမှာပဲ ။ မင်းရဲ့ စိတ်အာရုံတွေကို အခုလက်ရှိတက်နေတဲ့ သင်တန်းထဲမှာပဲ အပြည့်အဝစိတ်နှစ်ထားပြီး ရှေ့ဆက်လုပ်ရမယ့်အရာတွေကို အကောင်းဆုံး လုပ်ဖို့ ၊ သင်ယူဖို့ပဲ လိုအပ်တယ် ။ "

Lu Tian Chen ဟာ ပြောလက်စ စကားကို ရပ်တန့်လိုက်ပြီး ရုတ်တရက် ခေါင်းမော့ကာ Tang Feng ကိုစိုက်ကြည့်လိုက်လေတယ် ။ သူ့ရဲ့ရှေ့မှာ ထိုင်နေတဲ့ ဒီကောင်လေးဟာ သူစကားပြောနေတဲ့ အချိန်တလျှောက်လုံး သူ့ကိုစူးစိုက်ကြည့်လို့နေတာပဲ ။ သူ့ရဲ့ စူးရှအားကောင်းလှတဲ့ အကြည့်ကို မသိကျိုးကျွန်ပြုပြီး နေဖို့ဆိုတာ Lu Tian Chen လိုလူမျိုးအတွက်တောင်မှ ခဲယဉ်းလွန်းတယ် ။

" ဟုတ်ပြီလေ ။ မင်းငါ့ကို ဘာတွေပြောချင်တယ်ဆိုတာ ငါကောင်းကောင်းကြီး သိတယ် ။ မင်းသံသယဝင်ခဲ့သလိုပဲ လွန်ခဲ့တဲ့ ရိုက်ကွင်းတုန်းက မင်းကို ဒဏ်ရာရအောင် တမင်ရည်ရွယ်ပြီး ရိုက်ခိုင်းတဲ့လူတွေကို ခိုင်းတဲ့ အဓိကတရားခံက Ge Chen ပဲ ။ ပင်လယ်ထဲကို မင်းတွန်းချတဲ့ကိစ္စရော ၊ အခုကောလဟာလသတင်းတွေ အားလုံးရဲ့ နောက်ကွယ်ကနေ ကြိုးကိုင်နေတာ Ge Chen ပဲ ။ "

Tang Feng ဆီက စူးစူးရှရှ အကြည့်ဒဏ်ကြောင့် Lu Tian Chen ရဲ့ရင်ထဲမှာ နည်းနည်း ကိုယ့်ကိုယ်ကို ယုံကြည်မူ လျော့ရဲလာသလိုခံစားလာရလို့ အရာအားလုံးကို ပွင့်ပွင့်လင်းလင်းပဲ ရှင်းပြဖို့ ဆုံးဖြတ်လိုက်လေတယ် ။

True Star (Myanmar Translation )Donde viven las historias. Descúbrelo ahora