Ch.12 Ge Chen

16.8K 1.7K 4
                                    

အကယ်လို့များ ဒီလိုအဆောက်အဦးမှာ ထမင်းစားဖို့ အတွက်ကိုတင် အထပ်နှစ်ထပ် ပြုလုပ်ပေးထားသေးရင် ၊ ဖျော်ဖြေရေးနဲ့ အနားယူဖို့အတွက် သီးသန့်နေရာတစ်ခု ပြင်ဆင်ထားမယ်ဆိုတာ အသေအချာပဲ ။ ယနေ့ခေတ်အချိန်အခါမှာ ဘိလိယက် ကစားခြင်းဟာ အမျိုးသားထု အကြားမှာ ရေပန်းစားနေလေတော့ အခန်းထဲမှာ ဘိလိယက်ခုံတွေကို ပြင်ဆင်ပေးထားလေတယ် ။

Tang Feng တစ်ယောက် Lu Tian Chen ကို သင်ခန်းစာ ကောင်ကောင်းပေးချင်နေပေမယ့် ၊ ကံတရားက မျက်နှာသာ မပေးလေတော့ ပထမဆုံး ပွဲစဉ်ဟာ Charles နဲ့ Lu Tian Chen တို့နှစ်ယောက်ပဲ ယှဉ်ပြိုင်ဖို့ ဖြစ်သွားတယ် ။ သေချာတွေးကြည့်လိုက်တော့ မှန်တာပဲလေ ။ သူ့လိုမျိုး ခေတ်လည်းမမီ ၊ အောင်မြင်မူကို မထိန်းသိမ်းထားနိုင်ပဲ ၊ ချောင်ထိုးထားတာ ခံနေရတဲ့ Idol ဟောင်းတစ်ယောက်အဖို့ ပွဲကြည့်ပရိသတ်အဆင့်ထက် ဘာများ ပိုမျှော်မှန်းနိုင်မှာလဲ ? လက်ရှိပွဲစဉ်ကို ကြည့်ပြီး အရိုးသားဆုံး ဝန်ခံရမယ်ဆိုရင်တော့ နှစ်ယောက်စလုံးရဲ့ လက်ရည်ဟာ အရမ်းချီးကျူးစရာ မကောင်းလှဘူး ။ Charles တစ်ယောက်ကသာ Overseas မှာ အနေများခဲ့လို့ ဒီကစားနည်းနဲ့ နည်းနည်းပို အကျွမ်းတဝင်ရှိနေတာပဲ ရှိတယ် ။

ကိုယ်တိုင်ဝင်မပါရပဲ ဘေးကနေထိုင်ကြည့်နေရတာ အချိန်နည်းနည်းကြာလာတော့ Tang Feng ရေငတ်ချင်လာတယ် ။ ကစားပွဲကိုပဲ အာရုံနှစ်မြုတ်နေတဲ့ CEO နှစ်ယောက်ကို တစ်ချက်ကြည့်ပြီး ၊ ရေငတ်ပြေ တစ်ခုခု သောက်ဖို့ အပြင်ထွက်လာခဲ့တယ် ။ ဘိလိယက်ခန်းမရဲ့ အပြင်ဘက်မှာတော့ ကော်ဖီဖျော်စက် တစ်ခုကို တွေ့လိုက်ရတယ် ။ ခွက်တစ်လုံးကို စက်အောက်ဘက်ထည့်လိုက်ပြီး ၊ ကော်ဖီပြည့်လာမယ့်အချိန် ခဏစောင့်နေလိုက်တယ် ။ အဲ့ဒီလို လုပ်နေတဲ့အချိန်မှာပဲ ၊ လူတစ်ယောက်ဟာ လက်ထဲမှာ ဝိုင်ခွက်တစ်ခုကို ကိုင်ထားပြီး ၊ သူရှိရာဆီကို လျှောက်လှမ်းလာနေတယ် ။ ဘယ်သူဘယ်ဝါဆိုတာ သေချာမသိပေမယ့်လည်း ၊ ယဉ်ယဉ်ကျေးကျေးပဲ ပြုံးပြပြီး နူတ်ဆက်လိုက်တယ် ။

" လက်စသတ်တော့....မင်းပါလား !!! "

Tang Feng ရဲ့ အနောက်မှာ ရပ်နေတဲ့ အမျိုးသားရဲ့ မျက်နှာကို ကြည့်လိုက်မယ်ဆိုရင် အံ့အားသင့်ခြင်း ၊ စိတ်ရူပ်ထွေးခြင်း ၊ ရွံရာစက်ဆုတ်ခြင်း စတဲ့ ခံစားချက်တွေ ထင်ဟပ်နေတာ အတိုင်းသား မြင်နိုင်တယ် ။

True Star (Myanmar Translation )Dove le storie prendono vita. Scoprilo ora