Ch. 29 Kissing Test (Part 2)

16K 1.6K 36
                                    

Lu Tian Chen ရုတ်တရက် ရောက်လာခြင်းဟာ လူရွေးပွဲစဉ်ကို ကြန့်ကြာသွားစေခြင်း မဖြစ်ခဲ့ဘူး ။ အစီအစဉ်အတိုင်းပဲ Ge Chen ဟာ ပထမဆုံး စတင် သရုပ်ဆောင်ရတယ် ။ ဒါရိုက်တာကြီးဆီမှ " action " ဆိုတဲ့ အသံ ထွက်လာလိုက်တာနဲ့ အမျိုးသားနှစ်ယောက်ဟာ အချင်းချင်း ပွေ့ဖက်လိုက်ကြတယ် ။ Ge Chen ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံ နဲ့ အရပ်အမောင်းအရ ၊ သူဘယ်လောက်ပဲ အင်အားအကုန် စိုက်ထုတ်ပြီး ကြိုးစားကြိုးစား ၊ တောင့်တင်း သန်မာတဲ့ Geno ရဲ့ အရှေ့မှာတော့ သနားစဖွယ် အားနည်းနေရှာတဲ့ ယုန်ငယ်လေး တစ်ကောင်လို ဖြစ်နေရှာတယ် ။

ဒါ့အပြင် Ge Chen ရဲ့ ကျန်းမာရေးအားနည်းနေသလိုဖြစ်နေတဲ့ အလှတရား နဲ့ ကိုယ်နေဟန်ပန်ဟာ ဘယ်လို အင်အားမျိုးမှ ပေါ်ထွက်လာအောင် မစွမ်းဆောင်နိုင်ဘူး ။

ကျွမ်းကျင်နားလည်တဲ့ ပညာရှင် ရူထောင့်က ကြည့်ရင်တော့ Ge Chen ရဲ့ သရုပ်ဆောင်မူဟာ မဆိုးဘူးလို့ ပြောလို့ရတယ် ။ Geno ကို မိန်းမတစ်ယောက်လို သဘောထားပြီး ပြုမူနေပါတယ်ဆိုတဲ့ လူပ်ရှားမူဟန်ပန်ကိုတော့ ပေါ်လွင်အောင် မပြသနိုင်သော်ငြားလည်း ၊ Geno နဲ့ အရမ်းကို ရှေ့သွားနောက်လိုက်ညီညီ မျှော်လင့်ထားထက် ပိုပြီး သရုပ်ဆောင်နေနိုင်တယ် ။ ဆန့်ကျင်ဘက် သဘောတရားတွေ ပေါင်းစပ်ဖန်တီးထားတဲ့ အလှတရားတစ်ခုကို သူတို့နှစ်ယောက်ဆီမှာ မြင်တွေ့နိုင်တယ် ။ အရှေ့တိုင်း နဲ့ အနောက်တိုင်းက လူသားနှစ်ယောက် ။ တစ်ယောက်က နူးညံ့သိမ်မွေ့ပြီး နှစ်သက်မြတ်နိုးဖွယ်ရာ ကောင်းတယ် ။ ကျန်တစ်ယောက်က အရပ်အမောင်း ခပ်ကောင်းကောင်း ၊ ယောကျာ်းပီပီသသ ချောမောခန့်ညားပြီး ကျန်းမာသန်စွမ်းတယ် ။ Tang Feng သက်ပြင်း ခိုးချလိုက်မိတယ် ။ ကင်မရာ မှန်ဘီလူးက တဆင့် ကြည့်လိုက်မယ်ဆိုရင် ဒီလူနှစ်ယောက်ရဲ့ သရုပ်ဆောင်ပုံ မဆိုးလှမှန်း ဘယ်သူမဆို သုံးသပ်နိုင်တယ် ။

Ge Chen ရဲ့ English စကားပြောဟာ အကောင်းမွန်ကြီးတော့ မဟုတ်ဘူး ။ ဒါပေမယ့် ဒါဟာ သင်ယူလို့ရတဲ့ အရာမို့ ပြသနာ တစ်ခုတော့ မဟုတ်ဘူး ။ နောက်ပြီးတော့ Ge Chen ရဲ့ သရုပ်ဆောင်ပုံဟာ လိုအပ်ချက် နည်းနည်းရှိနေသေးတယ် ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ အခုလို ရှက်ကိုးရှက်ကန်းဖြစ်နေပြီး အားမလိုအားမရ ဖြစ်စရာ သရုပ်ဆောင်မူမျိုးဟာ ဒါရိုက်တာတွေ လိုချင်တဲ့ သရုပ်ဆောင်ပုံစံမျိုး ဖြစ်နေတက်တယ် ။

True Star (Myanmar Translation )Where stories live. Discover now