Ch.90 : Collaboration

7.9K 779 30
                                    


Tang Feng ဟာ နှစ်ရက်လုံးလုံး ဟိုတယ်ကနေ ဘယ်ကိုမှ မသွားခဲ့လေဘူး ။ သူ့အခန်းထဲမှာနေပြီး စာအုပ်ဖတ်ချင်ဖတ် ၊ မဟုတ်ရင် gym သွားပြီး အားကစားလုပ်ရင်းပဲ အချိန်နှစ်ရက်ကို ကုန်ဆုံးခဲ့လေတယ် ။ Tang Feng အခုပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်ဟာ တော်တော်လေးကို ကျန်းမာသန်စွမ်းလို့နေတာကြောင့် ဒီအနေအထားကို ရေရှည်ဆက်ပြီး ထိန်းသိမ်းထားဖို့ သူစိတ်ကူးထားတယ် ။ အဲ့တာတွေထက်ပိုပြီးတော့ သူ့မှာ အတိတ်ဘဝဟောင်းတုန်းက နှလုံးရောဂါနဲ့ သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်ဟာ အရိပ်တစ်ခုလို အမြဲတစေ အနောက်ကနေ လိုက်ပါနေတယ် ။ ဒီလိုမျိုး အချင်းအရာမျိုး အခုလက်ရှိဘဝမှာ ထပ်ပြီး မကြုံတွေ့နိုင်စေဖို့ အားကစား သေသေချာချာ ဂရုတစိုက် လုပ်ပြီး ကျန်းမာရေးကို အမြဲဂရုစိုက် နေထိုင်ရှင်သန်ဖို့ သူစိတ်ပိုင်းဖြတ်ထားလေတယ် ။

Lu Tian Chen ဟာ တစ်ခါတစ်ရံမှာ တင်းနစ်ကစားဖို့ Tang Feng ကို အတူခေါ်သွားခဲ့တယ် ။ အစပိုင်းမှာတော့ Tang Feng ဟာ ကစားရည်သား ပြည့်ဝနေတဲ့ Lu Tian Chen ရဲ့ အနိုင်ယူမူတွေကို ခံခဲ့ရတယ် ။ သို့ပေမယ့်လည်း Tang Feng ဟာ မြန်မြန်ဆန်ဆန်ပဲ သင်လွယ်တက်လွယ်တဲ့ လူငယ်တစ်ယောက် ဖြစ်ခဲ့လေတော့ နောက်ပိုင်းအချိန်တွေမှာ ကစားပွဲအတွင်း Lu Tian Chen ကို အနိုင်မယူနိုင်ခဲ့နိုင်သေးပေမယ့်လည်း သူ့ရဲ့ ရမှတ်တွေဟာ သုညတော့ ထပ်မဖြစ်လာတော့လေဘူး ။

ဒီလိုအနေအထားတွေနဲ့ သူ့ရဲ့ အားလပ်ရက် နှစ်ရက်ကို ကုန်လွန်ဖြတ်သန်းခဲ့လေတယ် ။ မနက်ဖြန်မှာတော့ Tang Feng ဟာ ဒါရိုက်တာ Li Wei နဲ့သွားရောက်တွေ့ဆုံရတော့မှာပါ ။ ဒါရိုက်တာကြီးဘက်ကလည်း အချိန်သိပ်ပြီး မအားလပ်လေတော့ တွေ့ဆုံဖို့ အချိန်ကို အနားနီးမှကပ်ပြီး စီစဉ်အသိပေးခဲ့ပေမယ့်လည်းပဲ Tang Feng ဟာ ဝီရိယကြီးစွာနဲ့ အစောကတည်းက တွေ့ဆုံဖို့ ချိန်းထားတဲ့ နေရာကို ကြိုတင်ရောက်ရှိလို့နေခဲ့လေတယ် ။ ကံကောင်းသွားတာ တစ်ခုက ဒါရိုက်တာကြီးဟာ Lu Tian Chen booking လုပ်ထားတဲ့ ဟိုတယ်မှာ တွေ့ဆုံကြဖို့ ချိန်းလိုက်လို့ပဲ ။ Tang Feng အနေနဲ့ အဝေးကို တကူးတကသွားစရာ မလိုတော့ပဲ ဓာတ်လှေကားစီးပြီး ချိန်းထားတဲ့နေရာကို သွားလိုက်ယုံပဲလေ ။

True Star (Myanmar Translation )Where stories live. Discover now