Ch. 19

15.7K 1.6K 10
                                    

ဧည့်ခံပွဲ အခမ်းအနားဟာဆိုရင် လူအများနှင့် သိုက်သိုက်ဝန်းဝန်းကျင်းပကြတဲ့ ပုံမှန် ပါတီ အခန်းအနားမျိုးထက်စာလျင် အထူးတလည် ဖိတ်ကြားထားခြင်း ခံထားရသူများသာ သီးသန့်တက်ရောက်ခွင့်ရှိတဲ့ အခမ်းအနားမျိုးနှင့် ပို၍ဆင်တူနေတယ် ။ တက်ရောက်ချီးမြင့်ကြတဲ့ ဧည့်ပရိသတ် အားလုံးဟာဆိုရင် အထက်တန်းလွှာ အသိုင်းအဝန်းထဲကချည်း မဟုတ်သော်ငြားလည်း ၊ တစ်ဦးတစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်အဆင့်အတန်းနဲ့ ကျော်ကြားမူ ကိုယ်စီ ရှိနေကြတယ် ။ Tian Chen Group နဲ့ Su Entertainment မှ တက်ရောက်လာတဲ့ အနုပညာရှင်များဟာဆိုရင် ဧည့်ခံပွဲအတွင်း ကူးလူးဖြတ်သန်းနေပုံဟာ လိပ်ပြာလေးတွေ ရိပ်ခနဲရိပ်ခနဲ ပျံသန်းနေကြသလိုပဲ ။ ရှန်ပိန်ခွက်လေးတွေကို ကိုယ်စီကိုယ်ငှ ကိုင်ဆောင်ထားကြပြီး ၊ မိမိတို့ရဲ့ လူမူပတ်ဝန်းကျင်နယ်ပယ် ပိုမိုကျယ်ပြန်လာအောင် စကားပြောခြင်း အတက်ပညာနဲ့ ချဲ့ထွင်နေကြလေတယ် ။ ဘယ်သူကများ သိနိုင်မှာလဲ ။ ဒီလို အခမ်းအနားမျိုးကနေတဆင့် သူတို့ကို ရင်းနှီးမြုတ်နှံပေးနိုင်မယ့် ချမ်းသာကြွယ်ဝတဲ့သူ တစ်ယောက်ယောက်နဲ့ ဆုံစည်းသွားနိုင်တယ်လေ ။

Tang Feng စိတ်ရင်းအတိုင်းဆိုရင် ခုလို အခမ်းအနားမျိုးကို သဘောမကျတာ အမှန်ပဲ ။ ပထမအချက်က သူ့ရဲ့ ကျန်းမာရေးအခြေအနေ မကောင်းခဲ့တဲ့ အတွက်ကြောင့် အရက်ကို အများကြီး မသောက်နိုင်ဘူးလေ ။ ဒုတိယအချက်ကတော့ စွဲမက်စရာကောင်းပါတယ်ဆိုတဲ့ အခမ်းအနားတွေဟာ အပေါ်ယံ ရွှေမူန်ကြဲသာသာပဲ ။ တကယ့်အတွင်းကျကျကို ကြည့်လိုက်ရင်တော့ ငွေကြေး နဲ့ လုပ်ပိုင်ခွင့်အာဏာတွေအတွက် အကျင့်ပျက် ခြစားနေကြတာမျိုးက အများစုပဲ ။ ဒီလောကထဲမှာ ကျင်လည်နေတဲ့လူတွေအတွက် ပါတီတွေ လုပ်တယ်ဆိုတာဟာ အဆက်အသွယ်ကောင်းတွေ ရလာအောင် လုပ်ဆောင်ရတဲ့ အရည်အချင်းတွေထဲက တစ်ခုရယ်ပဲ ။

တကယ်လိုအပ်လာရင်တော့ လူအများနဲ့ ထိတွေ့ဆက်ဆံရတဲ့ ပွဲအခမ်းအနားတွေကို တက်ရောက်ဖို့ Tang Feng မငြင်းဆန်ပါဘူး ။ လူတစ်ယောက်ဟာ အချိန်တိုင်း ကိုယ်ကျင့်တရား မြင်မြတ်ပြီး ၊ စိတ်ဓာတ်တည်ကြည် မြင့်မားနေသယောင် ဟန်ဆောင်ဖို့ရာ မလိုအပ်လှပါဘူး ။ စိတ်ထဲရှိတဲ့အတိုင်း ပြုမူနေထိုင်နိုင်ခွင့်ရှိတယ် ။ ဒါပေမယ့် သင့်နံဘေးမှာတော့ စိတ်ချယုံကြည်ကိုးစားလို့ရတဲ့ မိတ်ဆွေစစ်တွေတော့ ရှိနေသင့်တယ် ။ အဲ့ဒီလိုမဟုတ်ဘူးဆိုရင် သင်ဟာ မာယာကြွယ်လှတဲ့ ဒီလောကထဲက ဟန်ဆောင်မျက်နှာဖုံးတွေ တပ်ဆင်ထားကြတဲ့ မိတ်ဆွေ အတုအယောင်တွေကြား နစ်မြုတ်သွားလိမ့်မယ် ။

True Star (Myanmar Translation )Where stories live. Discover now