Ch.32 Disaster Of Three

16.6K 1.7K 30
                                    

ခင်ဗျားလိုချင်တာက အနမ်းတစ်ခုဆို ၊ အဲ့ဒီ အနမ်းကို ကျွန်တော် ပေးမယ် ။
ကျွန်တော်က ခင်ဗျားကို နမ်းစေချင်တယ် ဆိုရင်လည်း ၊ ရတယ်လေ ။ ကျွန်တော့်ဘက်က နမ်းပေးနိုင်တယ် ။

Tang Feng ဟာ driver ထိုင်ခုံမှာ ထိုင်နေတဲ့ Lu Tian Chen ကို စေ့စေ့စပ်စပ် ကြည့်လိုက်တယ် ။ Tang Feng ဟာ လက်ချောင်းလေးတွေနဲ့ ကားပြတင်းမှန်ကို သုံးလေးချက်လောက် ခေါက်လိုက်ပြီး ၊ အပြုံးတစ်ခုကို မျက်နှာထက် ဆင်မြန်းကာ....

" နောက်ဆုံးတော့လည်း President Lu က ကျွန်တော့်ကို အနီးကပ် သင်ကြားပေးတော့မှာပါလား ။ ကျွန်တော့်ဘက်က ဝမ်းမြောက်ဝမ်းသာစွာ လက်ခံပေးရမှာပေါ့ ။ အဲ့ဒီတော့ President Lu က ဘယ်လိုလုပ်ချင်လဲ ။ ခုချက်ချင်း နမ်းစေချင်တာလား ၊ ဒါမှမဟုတ် ကျွန်တော်တို့ ညနေစာစားပြီးမှလား ။ "

ဒီလို စကားကို ဆိုရင်းနဲ့ Tang Feng ဟာ Lu Tian Chen ရှိရာဆီ တိုးကပ်လာခဲ့တယ် ။ အနည်းငယ် ရှက်ရွံ့နေမူလေးကိုတောင် သူ့ရဲ့မျက်နှာထက်ဆီမှာ တစိုးတစိမှ မတွေ့မြင်ရဘူး ။

မူလတန်းအရွယ်ကို ကျော်လွန်ပြီးချိန်မှစလို့ Tang Feng ဟာ ရှက်ရွံ့မူ ဆိုတာ ဘာအဓိပ္ပါယ်မှန်း သူ မသိတော့ဘူး ။

ခင်ဗျားလည်း ယောကျာ်း ၊ ကျွန်တော်လည်း ယောကျာ်းပဲ ။ ခင်ဗျားက ကျွန်တော့်ကို နမ်းဖို့ကြိုးစားမှတော့ ၊ ကျွန်တော့်ဘက်က ဘာလို့ ပြန်မနမ်းနိုင်ရမှာလဲ ။ ခင်ဗျားရဲ့ အတွင်းစိတ်က ပုတ်သိုးနေရင်တောင် ၊ ပြင်ပရုပ်ရည်က ကြည့်ကောင်းနေသေးတယ်လေ ။ ဒီလို ငယ်ရွယ်ပြီး ချောမောတဲ့ လူတစ်ယောက်ဆီကနေ အနမ်းတစ်ခုတင်မကဘူး ၊ ညနေစာစားဖို့တောင် ဖိတ်ကြားသေးတယ်ဆိုတော့ ၊ ခင်ဗျားက ဘယ်လောက်တောင် သဘောကောင်းလိုက်သလဲ ။ ညနေစာကို ဖိတ်ယုံမဟုတ်သေးဘူး ၊ ကျသမျှအကုန် ခင်ဗျားပဲ အကုန်ရှင်းရဦးမယ်ဆိုတော့လည်း အားနာနာနဲ့ ကျေးဇူးတင်ရမှာပဲ ။

အကယ်လို့များ Lu Tian Chen တစ်ယောက် Tang Feng စိတ်ထဲ တွေးတောနေတာကို ကြားနိုင်လို့ကတော့ နေရာတင် ဒေါသစိတ်ကြောင့် သွေးပွက်ပွက်အန်ပြီး သေသွားလောက်တယ် ။

Lu Tian Chen ကတော့ Tang Feng ဘက်က ဒီလို လွယ်လွယ်ကူကူပဲ လိုက်လျောလိုက်မယ်လို့ မမျှော်လင့်ထားဘူး ။ မနှစ်မြို့တဲ့ ခံစားချက်တစ်ခု သူ့ရဲ့မျက်ဝန်းထဲ ထင်ဟပ်သွားတယ် ။ ဒါပေမယ့် အဲ့ဒီ အကြည့်ဟာ ကြယ်ကြွေလိုက်သလို ၊ စက္ကန့်ပိုင်း အတွင်း ကွယ်ပျောက်သွားတယ် ။

True Star (Myanmar Translation )Donde viven las historias. Descúbrelo ahora