Ch.10 Lu Tian Chen (Part 1)

18K 1.7K 5
                                    

Tian Chen Group မှာ ကိုယ်ပိုင် ထမင်းစားခန်းမ ရှိလေတယ် ။ အထပ်နှစ်ထပ် ရှိပြီး အလွန်ပဲ ကျယ်ဝန်းလှတယ် ။ ပထမလွှာကတော့ ဝန်ထမ်းတွေ ပုံမှန် ထမင်းစားကြတဲ့ နေရာဖြစ်ပြီး ၊ ဒုတိယလွှာမှာတော့ ပါတီနှင့် အထူးအခမ်းအနားများ ကျင်းပဖို့ရာ သီးသန့်ထားရှိတယ် ။

အချိန်က နေ့လည်လောက် ရှိနေပြီမို့ အချို့ ဝန်ထမ်းတွေလည်း မနက်ပိုင်း လုပ်ရမယ့် အလုပ်တွေ ပြီးသွားကြလောက်ပြီ ။ လူတော်တော်များများဟာ စားသောက်ဆိုင်နေရာမှာ နေ့လည်စာအတွက် ဝယ်ယူနေကြတယ် ။ စားစရာတွေကလည်း တစ်မျိုးထဲ မဟုတ်ဘူး ။ စားသောက်ဆိုင်ကို နေရာ နှစ်နေရာ ပိုင်းခြားထားတယ် ။ တစ်ပိုင်းက ဘူဖေးလ် ဧရိယာ ဖြစ်တယ် ။ အရှေ့တိုင်းအစားအစာ ၊ အနောက်တိုင်းအစားစာတွေကို များပြားစွာ ပြင်ဆင်ထားပြီး ၊ ဝန်ထမ်းတွေ စိတ်တိုင်းကျ အခမဲ့ စားသုံးနိုင်တယ် ။ ကုမ္ပဏီ အနေနဲ့ တည်မခင်းထားတဲ့ တစ်ခုတည်းသော အရာကတော့ အရက်ယာမကာ များပဲ ။ ကော်ဖီ နဲ့ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည် များကိုတော့ ဝန်ဆောင်မူ ပေးထားပါတယ် ။

နောက်တစ်နေရာကတော့ သီးသန့် စားသောက်ခန်းမပဲ ဖြစ်တယ် ။ အကယ်လို့များ သင်က ပိုမိုကောင်းမွန် အရသာရှိတဲ့ တခြားအစားအစာတွေ စားချင်ရင်ပဲ ဖြစ်ဖြစ် ၊ တိတ်ဆိတ်တဲ့နေရာမှာ အေးအေးချမ်းချမ်း စားသောက်ချင်ရင်ပဲ ဖြစ်ဖြစ် ၊ ထိုနေရာဟာ အသင့်တော်ဆုံးနဲ့ အကောင်းမွန်ဆုံးသော ရွေးချယ်မူပဲ ။ ဒါပေမယ့် အဲ့နေရာမှာ စားသုံးမယ်ဆိုရင်တော့ ကိုယ်ပိုင်ငွေ လုံလုံလောက်လောက် ရှိနေဖို့တော့ လိုအပ်မယ် ။

Tian Chen Group ရဲ့ ထိပ်တန်းအမူဆောင် တစ်ယောက်ဖြစ်နေလို့ ၊ Charles အတွက်ကတော့ ဒီလိုနေရာမှာ စားသောက်မယ်ဆိုရင်လည်း ငွေတပြားမှ ပေးစရာ မလိုအပ်ဘူး ။

Charles နှင့်အတူ VIP ဓာတ်လှေကားထဲက ထွက်လာတဲ့ အခါမှာ ၊ များစွာသော မျက်လုံးများရဲ့ စိုက်ကြည့်ခြင်းကို ခံနေရတယ်လို့ Tang Feng ခံစားမိလာတယ် ။ Tian Chen Group မှာ အလုပ်လုပ်နေကြတဲ့ ဝန်ထမ်း အားလုံးနီးပါးဟာ ဖက်ရှင်ကျကျ ခေတ်ရေစီးကြောင်းနှင့်အညီ ၊ ဝတ်စားဆင်ယင်တက်လို့ ၊ တွေ့လိုက်ရတဲ့ လူအုပ်ထဲမှာ ဘယ်သူကတော့ celebrity ၊ ဘယ်သူကတော့ ရုံးဝန်ထမ်းဆိုပြီး Tang Feng မခွဲခြားနိုင်ဘူး ။

True Star (Myanmar Translation )Where stories live. Discover now