Ch.13 Gamble

16.3K 1.8K 10
                                    

ခေတ်သစ် အထက်တန်းလွှာ အသိုင်းအဝိုင်းထဲမှာ လူငယ်လူရွယ် များများစားစား မရှိကြပါဘူး ။ အနုပညာလောက နဲ့ဆက်နွယ်ရင် ပိုလို့တောင် နည်းပါးဦးမယ် ။ အဲ့ဒီအတွက်ကြောင့် ပြိုင်ဘက်ကုမ္ပဏီ နှစ်ခုရဲ့ ပိုင်ရှင်တွေဟာ ၊ တစ်ယောက်နဲ့ တစ်ယောက်ကြား သိကျွမ်းနေတယ်ဆိုတာ သိပ်မထူးဆန်းတော့ပါဘူး ။ အကျိုးအမြတ်သာ ရမယ်ဆိုရင် အတူတောင် လက်တွဲပြီး အလုပ်လုပ်နိုင်သေးတယ် ။ အမြဲထာဝရ တည်မြဲနေမယ့် ခင်မင်ရင်းနှီးမူဆိုတာ ဒီလောကထဲမှာ မရှိဘူး ။ နောက်ဆုံးတော့လည်း အားလုံးဟာ အကျိုးအမြတ် ရဖို့သာ အဓိကပဲ ။

အဲ့လိုဆိုခဲ့ရင်တောင် ကုမ္ပဏီ နှစ်ခုရဲ့ ဦးဆောင်သူတွေ ဖြစ်တဲ့ Lu Tian Chen နဲ့ Su Qi Cheng တို့ကြား ရင်းနှီးကျွမ်းဝင်မူက ဖြစ်ရပ်ဆန်းကြယ်ပဲ ။ ဒီဆန်းကြယ်တဲ့ အနေအထားဟာ Tang Feng ရဲ့ စိတ်ကို သိချင်စိတ်ဖြစ်အောင် လူံ့ဆော်ပေးနေတယ် ။ Lu Tian Chen က Ge Chen နဲ့ ချစ်နေကြတာ မဟုတ်ဘူးလား ။ Lu Tian Chen နဲ့ Su Qi Cheng ဟာ ကျောင်းတက်စဉ်ကာလ ကတည်းက ခင်မင်လာတဲ့ ငယ်သူငယ်ချင်းတွေ ဖြစ်နေကြဦးတော့ ၊ အခုလက်ရှိအချိန်မှာ အချစ်ရေးအတွက် ပြိုင်ဘက်တွေပဲလေ ။ ဘာလို့များ သူတို့နှစ်ယောက်ကြား ဘာပြသနာမှ မရှိတဲ့ ပုံစံနဲ့ အတူတူ စကားပြောလိုက် ၊ ကစားလိုက်နဲ့ နေနေနိုင်ကြရတာလဲ ။

ဆိုဖာခုံပေါ်ထိုင်နေပြီး လက်တစ်ဖက်က သူ့ခါးကိုပြန်ဖက်ထားပြီး ကျန်လက်တစ်ဖက်က ကော်ဖီခွက်ကို ကိုင်ထားရင်းပဲ Tang Feng ဟာ မြင်နေရတဲ့ လူလေးယောက်ကို ဒီတိုင်းလေးပဲ ကြည့်နေတယ် ။ လက်တွေ့ဘဝဆိုတာဟာ တီဗီမှာ လာနေတဲ့ Drama ဇာတ်လမ်းတွေထက် ပိုဆန်းကြယ်တယ်ဆိုတာ Tang Feng နားလည်ပါတယ် ။ ဒါပေမယ့်လည်း အသစ်တဖန် မွေးဖွားလာရတဲ့ ဘဝမှာ အခုလို ရူပ်ထွေးပွေလီလှတဲ့ အချစ်ရေးအရူပ်ထွေးထဲ ပါဝင်လာရတာ တော်တော်လေးကို စိတ်ပျက်စရာ ကောင်းလွန်းတယ် ။

အခုချိန်မှာတော့ Charles ဟာ Su Qi Cheng နဲ့ ယှဉ်ကစားနေလေတယ် ။ Lu Tian Chen နဲ့စာရင် Su Qi Cheng ဟာ Charles နဲ့ လက်ရည်တူ ကောင်းကောင်းကြီး ယှဉ်ကစားနိုင်တယ် ။ တစ်ယောက်နဲ့တစ်ယောက် အရူံးမပေးရအောင် ဘိလိယက်ခုံထက် အလုပ်တွေများနေချိန်မှာ ၊ ကျန်တဲ့ တခြားနှစ်ယောက်ကတော့ ချောင်ချတဲ့ နေရာတစ်ခုမှာ အတူတူရပ်နေပြီး ၊ အချင်းချင်း မြူဆွယ်ဖျားယောင်းတဲ့ အကြည့်တွေနဲ့ ကြည့်ကြပြီး ကြည်နူးနေလေကြတယ် ။

True Star (Myanmar Translation )Where stories live. Discover now