Ch. 17

15.8K 1.7K 9
                                    

အနုပညာရှင်ဆိုတာမျိုးဟာ အောင်မြင်ကျော်ကြားပြီး ကြွယ်ဝမချမ်းသာလာခင် အချိန်ကတည်းက ၊ သူတို့ရဲ့ ဆံပင်စတိုင် ၊ အဝတ်အစား အသုံးအဆောင် ၊ ထိတွေ့ အသုံးပြုသမျှ အရာအားလုံးဟာ စီးပွားရေး အမှတ်တံဆိပ် တစ်ခုလို ဖြစ်တည်နေတက်တာ ဖြစ်ရိုး ထုံးစံတစ်ခုပါပဲ ။ သပ်ရပ်ကျော့ရှင်းစွာ ဝတ်စားဆင်ယင်တက်ခြင်းဟာဆိုရင် ပရိတ်သတ်ထုကြီးရဲ့ စိတ်နှလုံးကို ဖမ်းစားညို့ယူနိုင်ယုံသာမကပဲ ၊ လေးစားအားကျ အထင်ကြီးမူကိုပါ တပြိုင်နက်တည်း ရရှိစေနိုင်တယ် ။

ကြီးမားလှတဲ့ ဗီဒို တစ်လုံးစာ အပြည့်ရှိနေဖို့ မလိုအပ်ပေမယ့် ၊ ရှိနေတဲ့ အသုံးအဆောင်ပစ္စည်းတွေဟာ ကိုယ့်အတွက် အသုံးဝင်ပြီး Image ကို တိုးတက်အောင် လုပ်ပေးနိုင်ဖို့ အထောက်အကူပြုနိုင်တဲ့ အရာတွေပဲ ဖြစ်နေရမယ် ။ ဒီကိစ္စဟာ အမျိုးသား သရုပ်ဆောင်တွေအတွက် ပိုပြီး မှန်ကန်တဲ့ စကားတစ်ခွန်းပါ ။ အမျိုးသမီး သရုပ်ဆောင်တွေလို ရာသီအလိုက် ခေတ်စားတဲ့ အဝတ်အထည်မျိုးစုံ ကိုယ်ပေါ် ဆင်မြန်းနိုင်ဖို့ မလိုအပ်ပေမယ့် မိမိ ကိုယ်ပေါ် ဆင်မြန်းထားတဲ့ အသုံးအဆောင် တစ်ခုချင်းစီဟာ ကိုယ့်ရဲ့ပုံရိပ်ကို ထင်ဟပ်ပြသနိုင်တဲ့ အရည်သွေးမီ ပစ္စည်းမျိုးတွေပဲ ဖြစ်နေရမယ် ။

Xiao Yu အတွက်တော့ Shopping ထွက်တဲ့ ကိစ္စက အရမ်းထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခု မဟုတ်ခဲ့ပါဘူး ။ ဒါပေမယ့် ခုရောက်နေတဲ့ Armani Fashion Store လို အထက်တန်းကျပြီး အဆင့်အတန်းမြင့်တဲ့ နေရာကိုတော့ ဘဝမှာ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းပဲ ။ သူမကတော့ အသက်ရူမှားမတက် ၊ မျက်တောက်မခတ်တမ်း ငေးမောကြည့်ရူနေပေမယ့် ၊ Tang Feng ကတော့ ပုံမှန်ဝယ်ယူ အားပေးနေကျ ဖောက်သည်တစ်ယောက်လို အရောင်းဝန်ထမ်းအမျိုးသမီးလေးတွေနဲ့ စကားပြောလိုက် ၊ လိုချင်တဲ့ အဝတ်အစားတွေ ရွေးချယ်ကြည့်လိုက် ၊ အဝတ်လဲခန်းထဲဝင်ပြီး ဝတ်ကြည့်လိုက်နဲ့ ၊ ပုံမှန်လုပ်နေကျ အလုပ်ကို လုပ်နေသလိုပဲ ။ လိုချင်တာတွေကို စိတ်တိုင်းကျ ရွေးချယ်ပြီးတဲ့နောက် ကဒ်နဲ့ ငွေရှင်းပြီး ထွက်လာခဲ့တယ် ။ Xiao Yu ရဲ့စိတ်ထဲမှာတော့ အိပ်မက်ကမ္ဘာတစ်ခုထဲ လမ်းလျှောက်နေရသလို ခံစားနေမိတော့တယ် ။

True Star (Myanmar Translation )Where stories live. Discover now