Ch.42 The First Scene (Part.2)

16.1K 1.3K 37
                                    

မိတ်ကပ်လိမ်းချယ်တဲ့ အခန်းထဲမှာ Tang Feng ဟာ တရုတ်ရှေးဟောင်းဒီဇိုင်း ဝတ်ရုံရှည်နဲ့ ဆံပင်ရှည်အတုကို ပထမဆုံးအကြိမ် ဝတ်ဆင်တပ်ဆင်လိုက်ရတယ် ။ မှန်ထဲမှာ ထင်ဟပ်နေတဲ့ ရင်းနှီးနေပေမယ့် ထူးဆန်းနေတဲ့ ပုံရိပ်ဟာ သူ့ရဲ့ရင်ထဲမှာ ရှင်းပြဖို့ခက်ခဲတဲ့ ခံစားချက်တစ်မျိုး ဖြစ်ပေါ်သွားစေခဲ့တယ် ။

" ဒီပုံစံဒီဇိုင်းမျိုးနဲ့ဆိုရင် ရှင် သူရဲကောင်း Lan Ling နေရာကနေတောင် သရုပ်ဆောင်လို့ ရတယ် သိလား ။ "

Tang Feng ကို လိမ်းချယ် ပြင်ဆင် တာဝန်ယူပေးရတဲ့ မိတ်ကပ်ဆရာမဟာ အပြီးသပ်ပြင်ဆင် ချယ်သပေးရင်း အခုလို တအံ့တသြနဲ့ မှတ်ချက်ပေးလေတယ် ။

Tang Feng ရဲ့ ဘဝဟောင်းဟာ နိုင်ငံရပ်ခြားမှာ အခြေကျ နေထိုင်ခဲ့ရပေမယ့်လည်းပဲ သူဟာ တရုတ်ရှေးဟောင်း သမိုင်းရာဇဝင်ကို ကောင်းစွာ ဖတ်ရူ လေ့လာထားခဲ့တယ် ။ အဲ့ဒီအတွက်ကြောင့် သူရဲကောင်း Lan Ling ဟာ ဘယ်သူဘယ်ဝါဆိုတာ Tang Feng ကောင်းကောင်းသိတယ် ။

သူရဲကောင်း Lan Ling ဟာ တရုတ်ရှေးဟောင်း ရာဇဝင်ထဲမှာ မျက်နှာသွင်ပြင် အမူအရာ နူးညံ့သိမ့်မွေ့နေပေမယ့် စိတ်ဓာတ်မာကျော ကြံ့ခိုင်တဲ့ စစ်သူကြီးတစ်ယောက်အဖြစ် ထင်ရှားကျော်ကြားတယ် ။ အသံရော ရုပ်ရည်ကောပါ ချောမောခန့်ညားလှတယ် ။ တိုင်းပြည်ရဲ့ စစ်သူကြီးတစ်ယောက် အနေနဲ့ အန္တရာယ်များပြားလှတဲ့ အခြေအနေမျိုးမှာတောင် ရဲစွမ်းသတ္တိအပြည့်နဲ့ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တယ် ။ သူဟာ ဘယ်လောက်တောင်မှ စိတ်သဘောထား ကြီးမြတ်သလဲဆိုရင် သူ့လက်ထဲ စားကောင်သောက်ဖွယ် တစ်ခုခုရှိနေခဲ့ရင် ၊ အဲ့ဒီအရာဟာ သစ်သီးဝလံလေးပဲ ဖြစ်နေဖြစ်နေ သူ့ရဲ့ စစ်သည်ရဲမက်တွေနဲ့ အတူဝေမျှ စားသုံးလေ့ရှိတယ် ။ သမိုင်းရာဇဝင်မှာ ချောမောတည်ကြည် ခန့်ညားတဲ့ ယောကျာ်းသား တစ်ယောက်အဖြစ် မှတ်တမ်းတင်အပ်ခြင်း ခံထားခဲ့ရတယ် ။ ဒါပေမယ့်လည်း သူဟာ ဝမ်းနည်းစရာ အဆုံးသတ်ဖြစ်ရပ်မျိုးနဲ့ နိဂုံးချုပ်ခဲ့ရလေတယ် ။

သူရဲကောင်း Lan Ling ဟာ တရုတ်ရှေးဟောင်း ရာဇဝင်ထဲမှာ မျက်နှာသွင်ပြင် အမူအရာ နူးညံ့သိမ့်မွေ့နေပေမယ့် စိတ်ဓာတ်မာကျော ကြံ့ခိုင်တဲ့ စစ်သူကြီးတစ်ယောက်အဖြစ် ထင်ရှားကျော်ကြားတယ် ။ အသံရော ရုပ်ရည်ကောပါ ချောမောခန့်ညားလှတယ် ။ တိုင်းပြည်ရဲ့ စစ်သူကြီးတစ်ယောက် အေ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
True Star (Myanmar Translation )Where stories live. Discover now